ရင်ခွင်ထဲမှာ လူးလွန့်လာတဲ့အနွေးဓာတ်ကလေးကြောင့် ဟုန်းဂျီဆူးနိုးလာရသည်။ နာရီကို တစ်ချက်ကြည့်မိတော့ 6:30 သာ ရှိသေးတာမို့ ကလေးလေးအိပ်ရေးမဝမှာစိုးသည့်အတွက် ပြန်အိပ်ပျော်စေဖို့ချော့သိပ်ရလေပြီ။
"ကျွတ် ကျွတ် ကျွတ်
စောသေးတယ်နော် သည်းသည်းလေး ပြန်အိပ်ဦး""အင့်...အင်းးးး"
လူနားကိုပိုကပ်လာပြီး ရင်ဘတ်က အင်္ကျီစကိုဆွဲကာ ပြန်အိပ်သွားပြီမို့ သုံးနှစ်သားပေါက်စကို အသည်းတယားယားဖြင့်သာ ကြည့်နေမိတော့သည်။
မနေ့ညတုန်းက သူ့ဆီရောက်လာကာ အချွဲတုံးလုပ်သွားသည်ကိုအားမရဘဲ ကိုကိုနဲ့ပဲအိပ်ချင်ပါသည်ဟု ဆိုပြန်သည်မို့ သူ့မှာ အီအိမ်တော်ဘက်ကို ကူးကာ အကျိုးအကြောင်းသွားပြောရသေးသည်။
ဆော့မင်ကို မုန့်ကျွေးထားတုန်း မားမားက သူ့ကို တိုးတိုးတိတ်တိတ်ခေါ်ကာ ဆော့မင်လေးက အသက်ပြည့်ပြီးပေမယ့် ကလေးပဲရှိသေးကြောင်း၊ သူနဲ့တရားဝင်လက်မထပ်ရသေးကြောင်းတွေကို ပြောပြီး ကလေးကိုအလွန်အကျွံအသားမယူမိစေရန်မှာသည်မို့ သူ့မှာ ပါးစပ်ကလေးဟကာ တအံ့တဩ နားထောင်လိုက်ရသည်။
မကြာလိုက်ပါ ဆော့မင် TV ကြည့်နေတုန်း ပါးပါးကပါ သူ့ကိုခေါ်ကာ ယောက်ျားပီပီသသနေဖို့၊ မယူရသေးဘဲ လက်ဖျားနဲ့တောင်မထိဖို့၊ အခွင့်ကောင်းမယူဖို့တွေကို ပြောပြန်တာမို့ သူ့မှာ ထိုင်သာငိုလိုက်ချင်တော့သည်။
မင်းပုံစံက အဲ့လောက်တောင်နှာဘူးရုပ်ပေါက်နေတာလား ဟုန်းဂျီဆူးရာ။
---------
"သားရေ"
"ဗျာ"
"မင်းကိုမခေါ်ဘူး ဆော့မင်လေးရော"
"အိုမား...တစ်ခုမေးမယ်
အမှန်အတိုင်းဖြေနော်""မြန်မြန်မေး ကလေးကိုနွားနို့သွားတိုက်မလို့"
"ကျွန်တော်က မွေးစားသားမလား"
"ဟုတ်တယ် မင်းကိုအမှိုက်ပုံထဲကကောက်လာတာ ဟုတ်ပြီလား
တကယ်ပဲ ပေါက်ပေါက်ရှာရှာကိုမေးတတ်လွန်းတယ်
သားငယ်လေးအပေါ်တက်သွားပြီလား"