not update

438 36 10
                                    

Hello guys, it's your bemyhusbandjoshua  again.

ပထမဆုံးအနေနဲ့ပြောချင်တာက ဒီ notification က update အတွက်မဟုတ်လို့ တောင်းပန်ပါတယ်ပေါ့ ㅠ ㅠ

ကျွန်တော် ခုလောလောဆယ် project တစ်ခုမှာပါထားပါတယ်ဗျ။
ကျွန်တော်အပါအဝင် စုစုပေါင်း author 13 ယောက်တိတိပါပြီး အကုန်လုံးကလည်း ယူတို့သိမယ့်သူတွေချည်းပဲလို့ထင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်ပျော်အောင်ထားဖို့က ခက်ခဲလွန်းတဲ့အခြေအနေတစ်ရပ်ဖြစ်နေတဲ့ ဒီကာလကြီးမှာ ကျွန်တော့်ကြောင့် လူတစ်ယောက် ပြုံးပျော်သွားရတယ်ဆိုတာကလည်း ကျွန်တော့်အတွက်တော့ ဆုလာဘ်တစ်ခုလို့ခံယူထားပါတယ်။ နေ့နေ့ညည စိုးရိမ်စိတ်တွေနဲ့ ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘဝကြီးထဲကနေ ကျွန်တော်ဖန်တီးထားတဲ့ သီးသန့်ကမ္ဘာလေးတွေဆီ ယူတို့ကို ခေါ်သွားပေးနိုင်ဖို့ ရည်ရွယ်ရင်း၊ ရရှိတဲ့ fund 100% က လိုအပ်နေတဲ့နေရာတွေဆီ လှူပေးမှာဖြစ်တာမို့ ဒီကာလကြီးကို ဖြတ်ကျော်ဖို့အတွက် ကျည်တစ်တောင့်စာ၊ ဖိနပ်တစ်ရံစာလောက်ပဲ  တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်ရဖြစ်ရဆိုပြီး ရည်မှန်းရင်း ဒီ project မှာ ကျွန်တော် fanfiction လေးပုဒ်တိတိဝင်ရေးပြီး အားဖြည့်ထားခဲ့ပါတယ်။ အသေးစိတ်ကို "Happy Hour with SeokSoo" ဆိုတဲ့ page ထဲမှာ ဝင်လေ့လာနိုင်ပါတယ်ဗျ။

စာရေးပျင်းတဲ့ကျွန်တော်လိုကောင်က လေးပုဒ်တောင်ရေးမိလိုက်တာကို ကိုယ့်ကိုယ်ကိုယ်လည်း အခုထိအံ့ဩမဆုံးပါဘူး။ ကျွန်တော်ရော တခြားစာရေးသူတွေရောက အကောင်းဆုံးကြိုးစားပေးထားခဲ့တာမို့လို့ book file details ထွက်လာတဲ့အထိ စောင့်မျှော်ပေးကြဖို့နဲ့ ထွက်လာတဲ့အခါမှာလည်း ဝယ်ယူ‌ပြီး အတူတူလိုက်ပါစီးမြောပေးဖို့ကို ကျွန်တော်ကတောင်းဆိုချင်ပါတယ်ဗျ။

ကျွန်တော် ဒါတင်ပြီးတာနဲ့ ngl link ကို ထပ်ချပေးလိုက်ပါမယ်ဗျ။ ကျွန်တော့်ကိုပြောချင်တာဘာမဆို လွတ်လွတ်လပ်လပ်ဝင်ပြောသွားလို့ရပါတယ်။ ကျွန်တော် တစ်ခုချင်းစီကို ပြန်ဖြေပေးပါမယ်ဗျ။

So, this is all for now ပါ။ stay healthy, happy and safe my sweeties. ကျွန်တော်တို့အတွက် ရောင်နီလာတော့မှာပါ မကြာတော့ပါဘူး။
ဒီအတောအတွင်းတော့ တစ်ယောက်ကိုတစ်ယောက် ဖေးမကူပြီး ဆက်အားတင်းထားကြရအောင်လား။

Ilysm guys🩷

2.8.2024

You've reached the end of published parts.

⏰ Last updated: Aug 02 ⏰

Add this story to your Library to get notified about new parts!

KoKo, Please love me backkk!!!Where stories live. Discover now