[ 96 ]

2.6K 342 9
                                    

Unicode

အပိုင်း - ၉၆

ချန်းဇယ်ကျွင်းသည် ယဲ့ရှင်းကို စိတ်တည်ငြိမ်‌စေအောင် ဖျောင်းဖျနိုင်ပြီမို့ ထိုနေ့ စာသင်ခန်းထဲမှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို ကြိုးစားပြီး မေးကြည့်ပြန်သည်။

ယဲ့ရှင်းနှင့် စကားအပြန်အလှန်ပြောဖို့ ကြိုးပမ်းရတာက တကယ်တော့ အတော် ခက်ခဲ၏။ အဘယ်ကြောင့်ဆိုသော် ယဲ့ရှင်းက တစ်ခုခုကို အာရုံစိုက်ဖို့ ခက်ခဲလှပြီး ဟိုဟိုဒီဒီ စပ်စုစွာ ကြည့်နေတတ်ကာ ချန်းဇယ်ကျွင်း၏ စကားကို နားထောင်ရမည့်အစား စားပွဲခုံပေါ်က ဘောပင်တစ်ချောင်းကိုပင် ပို၍ စိတ်ဝင်စားနေတတ်သဖြင့်။

ယဲ့ရှင်း အာရုံစိုက်လာနိုင်အောင်လို့ ချန်းဇယ်ကျွင်းက သမီးဖြစ်သူ၏အခန်းထဲကို သွားပြီး သူ့သမီး အလွန်သဘောကျသော လျှပ်စစ်ရထားတွဲ ကစားစရာကို သွားယူလာကာ စားပွဲပေါ် တင်လိုက်သည်။

ရထားတွဲလေးက သူ့ဘာသာ တရွေ့ရွေ့သွားနေ၏။

ရထားတွဲ သွားရာလမ်းတစ်လျှောက် ယဲ့ရှင်း၏ အကြည့်ကလည်း ကပ်ပါသွားလျက်။

ယဲ့ရှင်း လှမ်းယူဖို့ပြင်ချိန်မှာ ချန်းဇယ်ကျွင်းက ဦးသွားပြီး ထိုရထားတွဲကို ကောက်ယူ၍ လှုပ်ယမ်းပြလိုက်ကာ

“မင်း ငါ့မေးခွန်းတွေကို ဖြေပေးရင် ငါ မင်းကို ဒါလေး ပေးမယ်”

ယဲ့ရှင်းက ခက်ခက်ခဲခဲနှင့် ချန်းဇယ်ကျွင်းမျက်နှာကို စိုက်ကြည့်လာပြီးနောက် ဆတ်ခနဲ အကြည့်လွှဲသွားပြန်သည်။

ကောင်လေး အာရုံရလာမှန်း ချန်းဇယ်ကျွင်းက ရိပ်မိသည်မို့ - “အဲဒီနေ့က စာသင်ခန်းထဲမှာ မင်း ဘယ်လိုယောက်ျားမျိုးကို တွေ့ခဲ့တာလဲ”

ယဲ့ရှင်းက ဆိုသည် : “ပိန်တယ်”

“အရပ်ရှည်လား”

ယဲ့ရှင်းက မဖြေဘဲ ရထားတွဲလေးကို လှမ်းယူသည်။

ချန်းဇယ်ကျွင်းက ရထားတွဲကို အနောက်ဘက်မှာ ဝှက်ထားလိုက်ကာ မရဘူးဆိုသော သဘော ခေါင်းခါပြရင်း မေးလိုက်၏။

“အဲ့လူက အရပ်ရှည်လား”

ယဲ့ရှင်းက ကိုယ့်ဆံပင်ကိုယ် ဆွဲပြီး

ပြီးပြည့်စုံခြင်း [COMPLETED]Where stories live. Discover now