Ep_1 (uni)

3K 53 13
                                    

သံစဥ်တေးသွားနဲ့အတူ ဝုန်းဒိုင်းကြဲလျှက်ရှိသည့်
ကလပ်အတွင်းထဲ လူတန်းစား အစုံအလင်
ကခုန်နေလျှက်ရှိကြသည်။

ကလပ်အတွင်းရှိမိန်းကလေးတစ်ချို့
ကြွေမိသည့်အပြင် ထိုမိန်းမကလေးတွေရဲ့အာရုံကိုဖမ်းစားထားသည့်လူရွယ်တစ်ယောက်ဟာ ကခုန်နေကြသည်ကိုကိုယ်နဲ့မဆိုင်သည့်အလား လူအများလို ကခုန်ခြင်းမရှိဘဲ ဘားကောင်တာမှာ အအေးထိုင်သောက်နေလျှက်ရှိသည်။

"ရန်ခက် လာကွာ"

"မင်းတို့ဘာသာ အေးဆေးကနေစမ်းပါ"

"အအေးသောက်နေမယ့်အစား
အပြင်းစားလေးချလိုက်စမ်းပါ"

"အမောင်က ငါအရက်သောက်တာမကြိုက်ဘူး
ငါအရက်မူးရင်သွေးဆိုးတာ မင်းသိသားနဲ့"

"ငါ့မွေးနေ့မှာ သောက်စမ်းပါကွာ
မြန်မာပြည်ရောက်တာမပြောဘူး
တစ်နှစ်လောက်အဆက်သွယ်မလုပ်တဲ့
ငါ့သူငယ်ချင်း ခုလိုဆုံတုန်းပျော်စမ်းပါကွာ
မင်းမဟုတ်တဲ့အတိုင်းဘဲ စိတ်ချ
မင်းအိမ်ကို အန္တရာယ်ကင်းကင်းပြန်ရောက်စေ
ရမယ် ရွှတ် ရွှတ် ရောသမမွှေလေးတစ်ခွက်လောက်"

သူငယ်ချင်းဖြစ်သူက အဖျော်ဝိတ်တာ
ကောင်လေးထံ တစ်ခွက်မှာလိုက်ပြီး
မုန်းရန်ခက်၏ရှေ့ ချပေးခိုင်းသည်။

"သောက်ကြည့် နတ်ပြည်မရောက်ရင်
ငါ့ကိုကြိုက်သလိုပြော"

"ကျွတ်....ငါကသောက်ပြီးရင်
မရပ်ဘူးနော် ငါ့ကိုထိမ်းဖို့သာပြင်ထား"

"ကြိုက်သလိုသောင်းကျန်းပစ် မင်းကိုထိမ်းဖို့
ငါမနိုင်ရင် မင်းရဲ့ဘဲကြီးလှမ်းခေါ်ပေးမယ်
ဟုတ်ပြီလား"

"ချကွာ"

မုန်းရန်ခက်သည် ရှေ့မှာချထားသည့်
ခွက်ကို တရှိန်ထိုးမော့သောက်ပစ်လိုက်သည်။
ခဏအကြာ တရိပ်ရိပ်တတ်လာသည်မလို့
လူက မြူးကြွသလိုခံစားလာရသည်။

"နောက်တစ်ခွက်"

"ချကွာ"

တစ်ခွက်ပြီးတစ်ခွက် မုန်းရန်ခက် မော့သောက်ရင်း မြူးကြွနေသည့် သံစဥ်ထဲ မြောလွင့်ဖို့
ထိုင်နေရာမှထလာခဲ့သည်။

အချစ်၏အဓိပ္ပါယ် (ongoing)Where stories live. Discover now