Ep_4 (zg)

220 3 0
                                    

ကျီ.......!ဒုန်း

ကြင်နာထိုက်သည် ဆိုင်ကယ်ကို
အရှိန်လေးဖြင့် ကျောင်းဝင်းထဲ
ချိုးကွေ့လိုက်ရာ ဖြတ်ကနဲဝင်ရောက်လာသည့်
လူအရိပ်တစ်ခုကြောင့် ဘရိတ်အုပ်လိုက်သည်။
ကံဆိုးချင်တော့ အရှိန်မထိမ်းနိုင်ဘဲ
ထိုလူရိပ်ကို တိုက်မိသွားသည်။
ကိုယ်လည်း ဆိုင်ကယ်ကို ဒေါက်ထောက်ပြီး
လဲလျှက်ရှိနေသည့် ထိုလူ့ကို စိုးရိမ်ပြီး
ပြေးပွေ့လိုက်သည်။

"ညီလေး sorryကွာ မမြင်လိုက်မိဘူး
ဘယ်နားခိုင်းမိသွားလဲ"

"!အား....ကျွတ်....ကျွတ် နာလိုက်တာ ခြေထောက်ထိသွားတာထင်တယ်"

"ကိုယ့်ကို မှီထလိုက် တော်တော်
ခိုင်းမိသွားတာပဲ
ကျောင်းဆေးခန်းသွားရအောင်"

လဲကျနေသည့်ကောင်လေးကို
ထူပေးပြီး ခြေထောက်ထိသွားတယ်
ပြောတာကြောင့် ကြည့်မိရာ ကောင်လေး၏
ခြေထောက်မှာ ရဲတောက်လျှက်ရှိသည်။

"!သဇင် ဘာဖြစ်တာလဲ ဆိုင်ကယ်နဲ့
တိုက်မိတာလား ကိုပိုင့်ကိုတွဲ
ဆေးခန်းသွားရအောင်"

ကို့ယို့ကားယားနှင့် နှစ်ယောက်သား
မေးမြန်းနေတုန်း လူတစ်ယောက်က
ပြေးလာပြီး ထိုကောင်လေးကိုတွဲရာ
ကိုယ့်မှာ ထိုလူ့ကို ဖြေရှင်းပြရသည်။

"ကျွန်တော် တောင်းပန်ပါတယ်ဗျ
ကျောင်းထဲဝင်ဖို့ ဆိုင်ကယ်ကွေ့တုန်း
ညီလေးကို မတော်တဆ
တိုက်မိသွားတယ်"

"ဘယ်က ညီလေးရမှာလဲဗျ
သဇင်က မိန်းကလေး"

"ဗျာ ဟုတ်လား ကျွန်တော်မသိလို့နော်
ဒါဆို ညီမလေး အစ်ကို တောင်းပန်ပါတယ်"

ထိုလူပြောလို့ မိန်းကလေးမှန်းသိတာ
ဝတ်ပုံစားပုံက ယောကျာ်းလေး
တစ်ယောက်လိုပင် ကိုယ်နဲ့တိုက်မိတဲ့
ညီမလေးကို ထိုလူမပြောရင်
ယောကျာ်းလေးလို့ ထင်နေဦးမည်။

"ကျောင်းဆေးခန်းသွားရအောင် သဇင်
ကိုပိုင် လိုက်ပို့မယ်"

"ကျွန်တော်​  လိုက်ခဲ့ပါရစေ
လောလောဆယ် ဆိုင်ကယ်သွားထားလိုက်
ဦးမယ်"

ကိုယ့်ရှေ့ကနေ ထိုလူနှစ်ယောက်ထွက်သွားမှကြင်နာထိုက်သည် ဆိုင်ကယ်ထားရမည့်
နေရာမှာ ထားပြီး ထိုလူနှစ်ယောက်ကိုမှီဖို့
အမြန်ပြေးရ ပြန်သည်။
ကျောင်းစတတ်တဲ့နေ့မှ ပြဿနာတတ်
ရတယ်လို့ ကိုယ့်ကိုယ်ကို စိတ်တိုမိသည်။
အိမ်ကဦးတွေသိလို့ကတော့ ဆိုင်ကယ်နဲ့
ကျောင်းတတ်ခိုင်းမှာမဟုတ်ပေ။
အခုတောင် ဦးက ဝယ်ပေးချင်တာမဟုတ်
ကိုကို ပြောပေးလို့သာ။
ကိုယ်စီးချင်တဲ့ဆိုင်ကယ်က
FZဆိုတော့ ဦးတို့  စိတ်မချင်စရာ
ဖြစ်နေသည်။

အချစ်၏အဓိပ္ပါယ် (ongoing)Where stories live. Discover now