Ep_18 (zg)

65 2 0
                                    

တီ....တီ....

အိမ်ရှေ့က ကားဟွန်းသံကြောင့်
အမုန်း ပြန်လာတာမှန်းသိ၍ အိမ်ထဲကနေ
ထွက်ခဲ့လိုက်သည်။ ဝင်းတံခါး သော့ခတ်
ထားတာဆိုတော့ ဝင်းတံခါးဖွင့်ပေးပြီး
အမုန်းကို ဝင်စေလိုက်သည်။
အိမ်ဝင်းထဲရောက်မှ ကားပေါ်ကဆင်းလာသည့်အမုန်းကို ပွေ့ဖက်ထားလိုက်သည်။

"လွမ်းနေတာကွာ"

"အမောင် ညစာအတွက် စားစရာဝယ်လာတယ်
ကလေးရောဟင်"

"အမုန်းရဲ့ကလေး ရှိပါ့ဗျာ"

"နေကောင်းရဲ့လား"

"ကောင်းပါတယ် ဦးရှိန်ရတုပြန်ပြီလား"

"ဟုတ် အမောင်"

အမောင့်ရဲ့ခါးကိုဖက်၍ အိမ်ထဲဝင်ခဲ့လိုက်သည်။
ကလေးက ကိုယ့်ကိုမြင်သည်နှင့်အပြေးလေးရောက်လာကာ အမုန်းရဲ့ရင်ခွင်ထဲ
တိုးဝင်လာသည်။

"ကိုကို့ကလေးလေး နေကောင်းလား"

"ကောင်းတယ် ကိုကို လက်ထဲကဘာတွေလဲ
သား ဗိုက်ဆာလို့"

အားရှိအောင် ကြက်ကြော်ရယ်
အစုံချက်ဟင်းရည်ရယ်"

"စားမယ် အခုစားရအောင် ကိုကို"

"ကိုကို့ကလေးလေး ဗိုက်ဆာနေတာကိုး
ခဏစောင့်"

စားပွဲပေါ်ပြင်ပေးထားတဲ့ဟင်း ပူပူနွေးနွေး ကြောင့် လူကပိုပြီးဗိုက်ဆာလာသည်။
ထမင်းပန်းကန်ထဲ ကိုကိုက ဟင်းခပ်
ထည့်ပေးတာကြောင့် ဇွန်းနဲ့ ထမင်းစားဖို့
ပြင်လိုက်စဉ် ပျို့တတ်လာတာနှင့်အတူ
အန်ချင်လာတာ ကြောင့် ကိုင်ထားတဲ့ ဇွန်းကို
ချကာ ဘေစင်မှာ ပြေးအန်ရသည်။

"!ကလေး အန်တာလား"

"baby!"

သတိုးမောင်နဲ့ မုန်းရန်ခက်သည် ဘေစင်မှာ
အန်နေသည့် ကြင်နာထိုက်ရဲ့အနားကို သွားကာ နောက်ကျောကိုခပ်ဖွဖွလေး ပုတ်ပေး
လိုက်သည်။

ကြင်နာထိုက်သည် အစာ စားမထားတာကြောင့်
လေတွေပဲထိုးအန်ကာ လူကချက်ခြင်း
ချွေးစေးများပြန်လာသည်။ အန်တာရပ်တော့မှ လူကမူးနောက်လာကာ ခြေလှမ်းပင်မရွေ့
နိုင်တော့ပဲ ထိုနေရာမှာပင် ကြမ်းပြင်ထပ်
ခွေလဲကျကာ ပျော့ခွေသွားတော့သည်။

အချစ်၏အဓိပ္ပါယ် (ongoing)Where stories live. Discover now