Ep _ 3 (uni)

574 17 0
                                    

မနက်ခင်းအလင်းရောင်သည်
အခန်းအတွင်းသို့ဖြာထွက်၍
အလင်းဆောင်နေလျှက်ရှိသည်။

သတိုးမောင်သည် အိပ်ရာနိုးလာသည်နှင့်
ဘေးမှာအိပ်ပျော်နေသည့် အမုန်းကို
အနမ်းပေးပြီး အိပ်ရာမှာထကာ
ရေချိုးခန်းထဲ ဝင်ခဲ့လိုက်သည်။

မနေ့ညကအလွမ်းသည်ပြီး အမုန်းနဲ့
နှစ်ပါးသွားလေးနှစ်ပုဒ်လောက်
ကခုန်မိသည်။ ပင်ပန်းပြီး
အိပ်ပျော်သွားသည့် အမုန်းက
ခါတိုင်း မနက်ခင်းတွေလို
ကိုယ့်ထက်အရင် အိပ်ရာထနိုင်ခြင်းမရှိဘဲ အိပ်မောကျနေလျှက် ရှိသည်။

တကိုယ်ရည်သန့်ရှင်းပြီး ရေချိုးခန်းထဲက
ထွက်လာသည့် အချိန်ထိ အမုန်းက
အိပ်မောကျနေတုန်းဖြစ်သည်။
အမုန်းကို နှိုးမနေတော့ဘဲ အိမ်အောက်ကို
ဆင်းလာစဉ် မုန့်ဟင်းခါးရနံက
မွေးပြန့်နေလျှက်ရှိသည်။

မီးဖိုခန်းထဲဝင်ကြည့်ရာ ဟင်းရည်အိုးကို
မွှေနေသည့် ကြင်နာထိုက်ကို တွေ့ရသည်။
အနားသွားပြီး ကြင်နာထိုက်ရဲ့ ခါးလေးကို
ဖက်ထားပြီး ဟင်းရည်အိုးကို တချက်ကြည့်လိုက်သည်။ ဒီကောင်လေး ဒါလည်း
ဖြစ်တာပဲ ဟု သဘောကျကာ
ပြုံးလိုက်မိသည်။

" အစောကြီးနိုးနေတာလား baby"

"ဟုတ် အိမ်မှာဆို သားက ဟင်းချက်ပေးရတာ ကောင်းကောင်းမကောင်းကောင်း
ဖေဖေက စားတယ် ဘထွန်းရောပဲ"

"အမုန်းက အသင့်စားမုန်းဟင်းခါးထုတ်
ဝယ်ထားတာဆိုတော့ အလွယ်ချက်လို့
ရတာပေါ့ စားလို့ရပြီလား"

ကြင်နာထိုက်သည် ကိုယ်နောက်ကနေ
ဖက်ထားလာပြီး နားနား တိုးတိုးလေး
ကပ်ပြောလာသည့် ဦးကြောင့်
ကျက်သီးထကာ ရုန်းကြည့်နေမိသည်။

"ထိုင်နေလေ သား ပြင်ပေးမယ်နော်"

သတိုးမောင်သည် ကိုယ်ရင်ခွင်ထဲ
ရောက်နေသည့် babyရဲ့ခေါင်းကို
ကိုယ့်ဖက်လှည့်ယူပြီး နှုတ်ခမ်းပါးလေးကို
စုပ်ယူလိုက်သည်။ ယုန်သူငယ်လေးလို
တုန်ယင်နေသည့် babyကို
ကြည့်ပြီး ပထမဆုံးအနမ်းခံရဖူးတာ
ဖြစ်ရမည်ဟု တွေးလိုက်သည်။

ကြင်နာထိုက်ရဲ့ကိုယ်လုံးလေးကို
ပြိုလဲ မကျအောင် ထိန်းထားလိုက်ပြီး
အနမ်းအရှည်ကြီး ပေးပစ်လိုက်၏။

အချစ်၏အဓိပ္ပါယ် (ongoing)Where stories live. Discover now