Ep_20(uni)

397 10 2
                                    

ပိုင်သည် ကားမောင်နေရင်း ထိုက်ကို
အကျိုးကြောင်းမေးရန် စကားစလိုက်သည်။

"ထိုက် ခုဏတုန်းက ကိုကို့အပေါ် အဲလိုလုပ်တာကိုကို ဘယ်လိုလုပ် စိတ်ကောင်းပါ့မလဲ ကိုကိုက ထိုက်ဆို လိုလေသေးမရှိ ဂရုစိုက်တယ်လေ"

" !အင့် ငါသိတယ် ကိုကို့အပေါ်ရိုင်းတဲ့
အပြုမူလုပ်မိတာ"

"မငိုနဲ့လေကွာ စပ်စုတာတော့ မဟုတ်ဘူး
ဘာဖြစ်လာတာလဲ"

"ငါ့မှာ ကိုယ်ဝန်ရှိနေတယ်တဲ့"

" ! ဘာ ထိုက်မှာ !မဖြစ်နိုင်တာ"

"ဖေဖေ မသေခင်တုန်းကပြောသွားတယ်
ငါက ကိုယ်ဝန်ဆောင်နိုင်တယ်တဲ့"

"!ဟား အံဩစရာကြီးကွာ ယောကျာ်းလေး
တစ်ယောက်က ကိုယ်ဝန်ဆောင်နိုင်တာ
ငါ တစ်ခါမှ မကြားဖူးသေးဘူး"

"အေး ငါလည်း သတိမထားမိလိုက်ဘူး
ဖေဖေပြောထားတာ မေ့နေမိတာ
အကာကွယ်သုံးဖို့ ဦးတို့ကိုမပြောမိဘူး"

"အေး သေချာရဲ့လားကွာ"

"သေချာတယ် ဆေးစစ်ထားတယ်
ငါ ကလေးမလိုချင်သေးဘူး ပိုင်
ကျောင်းတတ်ချင်သေးတယ်"

ပိုင်အံဩနေမှာသေချာပေမယ့်
ပိုင်က ကိုယ့်အတွက်အရင်းနှီးဆုံး သူငယ်ချင်းလို့သတ်မှတ်ထားတာကြောင့် ပိုင့်ကို
အကျိုးကြောင်းပြောပြချင်သည်။
အကြံဉာဏ်တောင်းချင်သည်။

"ထိုက် မဟုတ်တာတော့
မတွေးထားဘူးမလား"

"ငါ ကျောင်းပြီးအောင်တတ်ပြီး
ဘွဲ့ယူချင်သေးတယ် ကလေးကို
နောက်မှယူလို့ရနေတာပဲ"

" !ဟာ မဟုတ်တာထိုက်ရာ မတွေးကောင်းဘူးလေကွာ ဦးနဲ့ကိုကိုက ဘာတဲ့လဲ"

"သူတို့ကတော့ပျော်နေတာပေါ့ မိသားစုဆိုတာ ကလေးရှိမှပြည့်စုံတာကိုး"

"!ဟူး  မဟုတ်တာတော့မလုပ်နဲ့ကွာ
ငါ အားမပေးဘူး လူ့အသက်ကွ နားလည်လား"

"ငါကယောကျာ်းလေးလေ ပိုင်ရာ
ဘယ်လောက်ထိ ခက်ခဲမလဲဆိုတာ
ခန့်မှန်းလို့မရဘူး။ အမျိုးသမီးတွေ
သဘာဝအတိုင်း ကိုယ်ဝန်ဆောင်တာတောင် တချို့ အသက်ပေးလိုက်ရတာရှိနေတာပဲ။
ငါက ယောကျာ်းလေးဆိုတော့
ကလေး လူ့လောကထဲမရောက်မချင်း
သေမင်းနဲ့ နေ့တိုင်းစစ်ခင်းရမှာ"

အချစ်၏အဓိပ္ပါယ် (ongoing)Where stories live. Discover now