Ep_9 (uni)

689 22 4
                                    

မုန်းရန်ခက်သည် hotelထဲကိုစဝင်ပြီဆိုတာနဲ့ hotelဝန်ထမ်းများရဲ့အာရုံစိုက်ခြင်းကို ခံစားရလေသည်။
အမောင့်ရဲ့ အိမ်ထောင်ဖက်အဖြစ်
ဝန်ထမ်းတွေမသိသေးတာဖြစ်နိုင်သည်။
TTM hotelဖွင့်ပွဲတုန်းကတစ်ခါပဲ
အမောင်နဲ့အတူဖွင့်ပွဲတတ်ခဲ့တယ်။
နောက်ထပ်hotelကိုအမောင်နဲ့အတူတွဲ၍
မလာဖူးဘူးဆိုတော့ ဘယ်သူမှသတိမထားမိတာဖြစ်နိုင်သည်။

"အမုန်း အမောင်နဲ့ ရုံးခန်းထဲသွားရအောင်"

" ဟုတ်"

သတိုးမောင်သည် အမုန်းနဲ့အိမ်ထောင်ပြုတာမြန်မာနိုင်ငံမှာမဟုတ်ပေ။
ကိုယ့်ကိုအမုန်းနဲ့လက်ထပ်ထားသည်ကို
သိသူရှားသည်။အမုန်းနဲ့နှစ်ယောက်
ယှဉ်သွားမိရင် နှစ်ယောက်စလုံး
အရပ်လည်းသိပ်မကွာ ခန္ဓာကိုယ်လဲသိပ်မကွာတာကြောင့် မသိသူဆို ညီအကိုလို့သာထင်ကြသည်။

ကိုယ်ကလည်း ဘယ်သူ့ကိုမှပြောမထားတာကြောင့်ပါသည်။ အမုန်းကိုပညာတော်သင်
သွားရင်း တွေ့ခဲ့ပြီး ထိုနိုင်ငံမှာ
လက်ထပ်ခဲ့သည်။

ကိုယ့်နိုင်ငံကိုပြန်အခြေချတော့လည်း
ကိုယ့်အစ်မနဲ့ယောက်ဖဖြစ်သူ စည်သူ့ကိုသာ အသိပေးခဲ့သည်။အမုန်းကို တရားဝင်
ဘယ်သူ့ကိုမှချမပြတာ အမုန်း နေရခက်မည်
ဆိုးလို့ဖြစ်သည်။ အမုန်းကလည်း
ပေါ်ပေါ်ထင်ထင်မနေချင်ဘူးပြောတာကြောင့် အမုန်း စိတ်ရှုပ်မည်စိုးရိမ်သည်။
အမုန်းနဲ့အိမ်ထောင်ဖက်ဆိုတာသိတဲ့လူ လက်ချိုးရေလို့ရ၏။

babyနဲ့လက်မှတ်ထိုးယူထားရတယ်
ဆိုတော့လည်း အမုန်းနဲ့စည်သူသာ
သိသေးသည်။
ကိုယ့်ကလေးနှစ်ယောက်ကို ဖွက်ထားပြီး
ဥထားတဲ့သဘောဖြစ်နေရင်လည်းမတတ်နိုင်ပါ။ ကလေးနှစ်ယောက်စလုံးကို လူအများဝိုင်း
ပြောကြတာ မဖြစ်စေချင်တာကြောင့်ဖြစ်သည်။

"အမုန်း အမောင့် ရုံးခန်းထဲ
လွတ်လွတ်လပ်လပ်နေ စာရင်းစစ်ချင်ရင်
စစ် ကြိုက်တာလုပ်"

"ဟုတ် စာရင်းစစ်ပေးမယ် အမောင်"

"ဒါဆို အမောင် hotelတစ်ခုလုံး
ပတ်ကြည့် လိုက်ဦးမယ် လိုအပ်တာရှိရင်
မန်နေဂျာကို ညွှန်ကြားခဲ့ရမှာ"

အချစ်၏အဓိပ္ပါယ် (ongoing)Where stories live. Discover now