Ep_ (16) uni

387 18 1
                                    

မုန်းရန်ခက်သည် အမောင့်အပေါ်
လွန်သွားတယ်လို့ တွေးမိပြီး စိတ်အခြေနေ
မကောင်းပေ။အဝတ်ဗီဒိုဖွင့်၍ ညဝတ်အကျီတစ်စုံထုတ်ဝတ်လိုက်သည်။ ပြီးနောက်
အိပ်နေတဲ့ ကလေးဘေးဝင်လှဲကာ ကလေးကိုဖက်အိပ်လိုက်သည်။ သို့ပေမယ့် အိပ်မပျော်ပါ အတွေးများစွာ တွေးမိပြီး အိပ်ပျော်နေတဲ့ကလေးကိုသာ ဖက်ထားမိသည်။

ကြင်နာထိုက်သည် အိပ်ပျော်လျှက်ရှိနေရာမှ ကိုယ့်ကိုတင်းနေအောင် ဖက်ထားခံရတာကြောင့် အိပ်နေရာမှ နိုးလာခဲ့သည်။
မျက်လုံးဖွင့်ကြည့်တော့ ကိုကိုက ကိုယ့်ကို
စိုက်ကြည့်နေတာ တွေ့ရသည်။

"ကိုကို မအိပ်သေးဘူးလား ဦးရောဟင်"

"ကိုကို မှားလား ကလေး ကလေးရဲ့အမြင်မှာ ကိုကိုက မကောင်းတဲ့ လူလို့မြင်လား"

ဘာဖြစ်မှန်းမသိဘဲ မျက်ရည်စီးကျကာ
ကိုယ့်အမြင်ကိုမေးနေသော ကိုကို့မျက်နှာ
ချောချောလေးကို လက်နှစ်ဖက်ဖြင့်
ကိုင်လိုက်သည်။

"ဦးနဲ့ ဘာဖြစ်ပြန်ပြီလဲဟင် ကိုကို
သား အမြင်မှာ ကိုကိုကအရမ်းကောင်းတဲ့လူပါ ကိုကိုမှန်တယ် သားရောက်လာလို့သာ ဦးနဲ့ကိုကိုအဆင်မပြေတော့တာ"

ကိုယ့်အပြစ်နဲ့ကိုယ်ပေမဲ့ ကလေး စိတ်မကောင်း အောင်လုပ်မိပြန်ပြီတွေးကာ ပါးပြင်ထပ်က
မျက်ရည်စတွေကို လက်နဲ့ပွတ်ပစ်လိုက်သည်။

"ကလေး ရောက်လာလို့မဟုတ်ဘူး
ကိုကို ကလေးအပေါ်မှားမိတယ်
ကိုကို မှားတာမှန်ပေမဲ့
အမောင်သာ မျှမျှတတဖြစ်မဲ့စကားပြောခဲ့ရင် ကိုကို စိတ်နာမှာမဟုတ်ဘူး။ အမောင်ပြောတဲ့စကားက ကလေးကို မကြည်ဖြူခဲ့သလိုမျိုး ကိုကို တို့ကိုအားကိုးနေရတဲ့ ကလေးကို
ကိုကိုက အနိုင်ကျင့်သလိုပုံစံမျိုးပြောလို့
အမောင့်ကို မကျေနပ်တာ"

"သား ရောက်လာလို့ ဒီကိစ္စတွေ
ကြုံရတာလေ ကိုကို"

"ကိုကို ပြောမယ် ကလေး ကိုကို ကလေးအပေါ် မကြည်ဖြူတာလုံးဝမရှိဘူး အနိုင်လည်း
မကျင့်ဘူး ကိုကို ဆေးသောက်လိုက်တဲ့အချိန် ကိုယ့်ဘာသာ အာသာဖြေမလို့ လုပ်နေတုန်း ကလေးရောက်လာလို့ တိုက်ဆိုင်သွားတာ"

အချစ်၏အဓိပ္ပါယ် (ongoing)Where stories live. Discover now