Ep_15 (zg)

88 3 0
                                    

ဆေးရုံမှာ နှစ်ပတ်လောက်ထိနေရတော့
အမောင်က ပျင်းတယ်ပြောလာသည်။
အမောင့်ကို သေသေချာချာလေး
ဂရုစိုက်ပေးလိုက်တော့ အမောင့်မျက်လုံးထဲမှာ ကိုယ့်ကိုအားနာစိတ်လေးဖြစ်နေတဲ့ ပုံစံမျိုး
တွေ့ရသည်။

"အမောင် နေသာရဲ့လားဟင်"

"သက်သာပါတယ်အမုန်းရဲ့ စည်သူ့မျက်နှာနဲ့
အမောင့်ကို ဂရုစိုက်ကြတယ်"

"ဦး သက်သာလို့ ဆေးရုံဆင်းရင်
သားကျောင်းတတ်ရမှာလား ကိုကို"

"ကလေးကျောင်းတတ်ဖို့က ကိုကိုစိတ်မချဘူး ဟိုကောင်လေးက ထပ်ပြီး ကိုကိုတို့ကွယ်ရာ ကလေးကို တစ်ခုခုလုပ်ကြံရင် ရင်ကျိုးရမှာ"

"!သားက ကျောင်းမတတ်ရတော့ဘူးလား ဦး ကိုကိုက သားကိုကျောင်းမတတ်ရဘူးတဲ့"

"babyရဲ့ကိုကိုက စိတ်မချလို့နေမှာပါ"

"လောလောဆယ်ပြောတာပါ ကလေးရဲ့
ကိုကို ပြဿနာအေးအောင် တစ်ခါတည်းရှင်းမှာ မဟုတ်ရင် ကလေးတို့သုံးယောက်လုံးအတွက် ရင်မအေးရဘူးဖြစ်နေမှာ"

ကြင်နာထိုက်သည် ကိုကိုသေချာရှင်းပြမှ
တော်ပါသေးရဲ့ဟုတွေးကာ ကိုကိုရင်ခွင်ထဲ ခေါင်းတိုးပြီး ကိုကို့ခါးကိုဖက်ထားလိုက်သည်။

"သားကို ကျောင်းမတတ်ခိုင်းရင် ထိုင်ငိုနေမှာ"

"ချွဲစိန်လေး ကလေးကို ချွဲစိန်လေးမှန်း
မသိခဲ့ဘူး"

" အဖေအရွယ်တွေယူထားမှတော့ သားက
မချွဲလို့ဘာလုပ်ရမှာလဲ ကိုကိုနဲ့ ဦးမလို့ချွဲတာပါ"

Ring~~~~Ring

"အမုန်း ဖုန်းလာနေတယ်"

အမောင် ကမ်းပေးသောဖုန်းကို လှမ်းယူပြီး ရင်ခွင်ထဲက ကလေးကိုလက်တစ်ဖက်ဖြင့်
ထိန်းဖက်ထားကာ ဖုန်းပြောလိုက်သည်။

"hello"

*ကျွန်တော်တို့ အစ်ကိုလေး
ရှာခိုင်းတဲ့လူ ဖမ်းမိထားတယ် အစ်ကိုလေး*

"ငါ လာမယ် ဘာမှမလုပ်နဲ့"

*ဟုတ်ကဲ့*

ဖုန်းပိတ်ကာ အမောင့်ကိုပြန်ပေးပြီး
ရင်ခွင်ထဲရှိ ကလေးကိုဖယ်လိုက်သည်။

အချစ်၏အဓိပ္ပါယ် (ongoing)Where stories live. Discover now