Ep_12 (zg)

107 1 2
                                    

ပိုင်က အိမ်ထိလိုက်ပို့ပေးတာကြောင့်
ပိုင့်ကို ကျေးဇူးတင်ကြောင်းပြောကာ
နှုတ်ဆက်ပြီး အိမ်ထဲဝင်ခဲ့လိုက်သည်။
ဦးက ကားပေါ်ကနေအိမ်ထဲဝင်တဲ့အထိ
ကိုယ့်ပုခုံးကို သိုင်းဖက်ထားဆဲ
အမူးပြေပုံမရပေ။

"baby ညစာစားပြီးအိပ်တော့"

"ဦးက မစားဘူးလား"

"စားချင်စိတ်မရှိဘူး"

အိမ်ထဲရောက်မှ ကိုယ့်ကိုတွဲထားတာ
ဖယ်ခွာပြီး ညစာစားဖို့ပြောကာ
အိမ်ပေါ်တတ်သွားသည်။
ဦးကိုကြည့်ရတာ ကိုကိုမရှိလို့
စိတ်ဓာတ်ကျနေပုံရသည်။
ဗိုက်ထဲဆာသလိုရှိပေမဲ့ အိမ်ကလူကြီး
နှစ်ယောက်ရဲ့ မပြေလည်မှု့ကြားမှာ
ကိုယ်က နေသာသလိုနေပြီး စားစရာရှိတာ
စားဖို့ရာကြ ဘယ်လိုမှအဆင်မပြေ
စားချင်စိတ်မရှိတာမလို့ အိမ်တံခါးတွေ
ပိတ်ပြီး အိမ်ပေါ်တတ်ခဲ့လိုက်၏။

သတိုးမောင်သည် ရေမချိုးရတာ
ရက်ကြာနေပြီမလို့ ရေချိုးခန်းထဲဝင်ကာ
ရေချိုးဖို့ပြင်လိုက်သည်။မေးရိုးတဝိုက်မှာ
ငုတ်စိလေးတွေထိုးထွက်နေသည့် မုတ်ဆိတ်မွှေးတွေကိုအရင်ဆုံး ရိတ်သင်လိုက်ပြီးမှ
ရေချိုးလိုက်သည်။
လူကလန်းဆန်းသွားပေမယ့်
စိတ်ကလန်းဆန်းမှု့မရှိသေး။
အမုန်းကို ဘာလို့များအော်ခဲ့မိတာလဲတွေးပြီး
ဒီကိစ္စမှာ အမုန်း စိတ်ဆိုးသင့်တယ်လို့
တွေးမိသည်။

အကိုကြီးသာ ဒီကိစ္စတွေသိသွားခဲ့ရင်
အမုန်းကို ကိုယ့်ဆီပြန်ခိုင်းမှာမဟုတ်တော့ဘူး။
နဂိုထဲကမှ ကိုယ်နဲ့အမုန်းကို သဘောတူခဲ့ခြင်း
မရှိ။အမုန်းကရော ကိုယ့်ကိုခွင့်လွှတ်ပြီး
ပြန်လာပါ့မလား လုံးဝပြန်မလာခဲ့ရင်
အမုန်းရှိရာသို့ လိုက်သွားဖို့ဆုံးဖြတ်လိုက်သည်။

ရေချိုးပြီးပြန်ထွက်လာတော့
ကုတင်ပေါ်မှာထိုင်နေသည့် babyကို
တွေ့လိုက်ရသည်။

"ထမင်းမစားဘူးလား baby"

"မစားဘူး မဆာလို့"

"ဗိုက်ဆာမှစား"

ဗိုက်ဆာမှစားတဲ့လား

ဦးက ကိုယ့်ကို လက်ထပ်ထားပေမယ့်
ကိုယ့်ကို အိမ်ထောင်ဖက်အဖြစ်မတွေးဘဲ
စောင့်ရှောက်ပေးရမည့်လူလို့သာ
သတ်မှတ်ထားပုံရသည်။
နမ်းရုံကလွဲရင် ကိုယ့်ကိုဂရုစိုက်ပေးရုံကလွဲရင်
အတူနေခြင်းကိစ္စကို ဆင်ခြင်နေတယ်လို့
ထင်မိသည်။

အချစ်၏အဓိပ္ပါယ် (ongoing)Where stories live. Discover now