Ep_24(uni)

513 19 4
                                    

ဦးနဲ့ကိုကို သွားမည့်ခရီးစဥ်မှာ
တဖြည်းဖြည်းနဲ့ လေယာဉ်ထွက်မဲ့အချိန်
နီးကပ်လာလေ ပိုအားငယ်လေဖြစ်နေရသည်။
ပိုင်ရော ဦးရဲ့အစ်မရော ဦးစည်သူရောက
ကိုယ့်ကိုအားပေးရင်း အားမငယ်ဖို့
ပြောကြသည်။

"ဦး ဟိုရောက်ရင် သားကိုဖုန်းဆက်
မဟုတ်ဘူး vedio callခေါ်ပေးနော်
သား ကိုကို့အခြေနေကိုသိချင်တယ်"

"စိတ်ချ baby ဟိုရောက်တာနဲ့ vedio call
ခေါ်လိုက်မယ် အစစအရာရာဂရုစိုက်
ပိုင် ပိုင့်သူငယ်ချင်းကို ဂရုစိုက်ပေး"

"စိတ်ချပါ ဦး ထိုက်ရဲ့အနားမှာနေပေးဖို့
သားရဲ့မိဘတွေကိုခွင့်တောင်းထားပါတယ်
မေမေက ဦးတို့ပြန်မလာမခြင်း ထိုက်ရဲ့
အနားနေခိုင်းထားပါတယ်"

"ကျေးဇူးပါ ပိုင်ရာ"

"မလိုပါဘူး ဦးရ ကိုကို့ကိုသာ သေချာလေးဂရုစိုက်လိုက်ပါ ထိုက် အတွက်မပူနဲ့"

" မမရောစည်သူရော babyကျန်းမာရေးအတွက်အားကိုးပါရစေ"

"အေးပါ မောင်လေးရယ် မင်းသာ
မောင်လေးမုန်းရန်ခက်ကို ဂရုစိုက်"

" ဟုတ်ကဲ့ပါ မမ
စည်သူ babyအတွက် ငါစိတ်ချမယ်နော်"

"စိတ်ချသူငယ်ချင်း"

လေယာဉ်ထွက်ချိန်နီးလာတော့ သတိုးမောင်သည် wheechairပေါ်က အမုန်းကို ထိုင်ရတာအဆင်ပြေမပြေတစ်ချက်ကြည့်ပြီး babyကိုဖက်ကာ ဘာမှအားမငယ်ဖို့ ပြောရသည်။

"baby ကျန်းမာရေးဂရုစိုက်နော် နေရတာအဆင်မပြေရင် ဦးစည်သူ့ကိုပြောထားပြီးသား babyနဲ့ babyဗိုက်ထဲက ကလေးကို ရွေးရမယ်ဆိုရင် babyရဲ့ကိုကို့ စကားကို
နားမထောင်လည်းဖြစ်တာမလို့ babyကို ဦးစားပေးရွေးချယ်ခိုင်းထားတယ်"

"!အင့် သားရအောင်မွေးမှာ သားဘာဖြစ်ဖြစ် ကိုကိုလိုချင်တဲ့ ကလေးလေးကိုရအောင်
မွေးမှာ သားpasspoat ရရင်လိုက်လာခဲ့လို့
ရလားဟင်"

"လာမဲ့ လမ်းခရီးမှာ ဦးတို့မပါဘဲ babyကို
စိတ်မချဘူး။ babyကိုကို သက်သာတာနဲ့
အမြန်ပြန်လာမှာစိတ်ချ မငိုနဲ့နော်
ဦးတို့သွားတော့မယ်"

ကြင်နာထိုက်သည် ဦးရင်ခွင်ထဲကနေ
ထွက်ပြီး ကိုကို့ရှေ့ ဒူးတစ်ဖက်ထောက်
ထိုင်လိုက်သည်။ပြီးနောက် ဆေးအရှိန်ကြောင့် နောက်မှီကာအိပ်ပျော်နေသော ကိုကို့
လက်ကလေးကို ခပ်ဖွဖွဆုပ်ကိုင်၍
အနမ်းပေးလိုက်သည်။

အချစ်၏အဓိပ္ပါယ် (ongoing)Where stories live. Discover now