Ep_7 (uni)

412 20 4
                                    

မနက်ခင်းပုံမှန်ဖြစ်နေတဲ့ မျက်လုံးက
အလိုလိုပွင့်လာရသည့် ကြင်နာထိုက်သည်
ညကအဖြစ်တွေကိုမြင်ယောင်နေမိသည်။
ကိုကိုနဲ့အတူနေခြင်းကိုသတိရမိတော့
တကိုယ်လုံး ရှိန်းတိန်းတိန်းဖြစ်ကာ
ပူထူလာရသည်။
နံဘေးကိုဝေ့ဝဲကြည့်မိရာ ဦးရော ကိုကိုရော
ရှိမနေပါ။

ဘယ်သူမှရှိမနေတာကို ကြာကြာမတွေးအားဘဲ
အမြန်ထမိတော့ အနောက်နေရာလေးက
စစ်ခနဲ ဖြစ်သွားရသည်။

"!အား....ကျွတ်စ်....နာလိုက်တာ"

ဖြေးဖြေးခြင်းသာထနိုင်သည်မလို့
မွေ့ရာကို လက်နဲ့ထောက်၍
နာကျင်မှု့ကို အံကျိတ်ကာထားရသည်။

လန်းသွားအောင်ရေချိုး၍ ကျောင်းသွား
ဖို့ တခါတည်းအဝတ်အစားဝတ်ထားလိုက်သည်။ ပြီးနောက် သူငယ်ချင်းအသစ်ဖြစ်သူ
ပိုင့်ကိုဖုန်းခေါ်လိုက်သည်။

*hello... ထိုက် ပြောသူငယ်ချင်း*

"ငါ လိပ်စာပို့လိုက်မယ် ကျောင်းသွားဖို့
လာခေါ်ပေးပါလား"

*အေး လာခေါ်မယ်လေ မနက်စာအိမ်မှာမစားနဲ့ ငါနဲ့လမ်းကြမှ တစ်ခုခုစား*

"အေး ဒါပဲနော်"

ပိုင်နဲ့ဖုန်းပြောပြီးနောက် ကြင်နာထိုက်သည် ကျောင်းသွားဖို့ အောက်ဆင်းခဲ့လိုက်သည်။မီးဖိုခန်းထဲမှာ ကိုကိုများမနက်စာပြင်နေမလားတွေးမိတာကြောင့်ဝင်ကြည့်ရာ ကိုကိုရှိမနေပါ။

သွားခါနီး ကိုယ့်အိတ်ထဲပိုက်ဆံမထည့်ရသေး
တာသတိရတာနဲ့ အိမ်ပေါ်ပြန်တတ်ကာ
အရင်ရက်က ကိုယ်နေတဲ့အခန်းထဲဝင်ဖို့
တံခါးဖွင့်လိုက်သည်။အခန်းထဲရှိကုတင်ပေါ်မှာ
ကိုကို အိပ်ပျော်နေတာတွေ့ရတော့
ကိုကိုက ဘာလို့ ဒီအခန်းထဲဝင်အိပ်​​ေ တာလဲတွေးမိသည်။

ရေကျသံ သဲ့သဲ့ကြားလိုက်ရသည်မလို့
ရေချိုးခန်းထဲကအခြေနေကြည့်ဖို့
တံခါးကိုဆွဲဖွင့်ကြည့်လိုက်သည်။
မြင်လိုက်ရသည့် မြင်ကွင်းကြောင့်
လန့်၍အော်မိသည်။

"!အာ....sorryဦးရေ"

*မျက်နှာပူလိုက်တာ*

မျက်နှာပူသွားရခြင်းအကြောင်းရင်းက
ဘယ်သူမှမရှိဘူးအထင်နဲ့ရေချိုးခန်းတံခါးကို
ဖွင့်ကြည့်မိရာ ဦးက ကိုယ်လုံးတီးရေချိုးနေတာကိုတွေ့လိုက်ရ၏။

အချစ်၏အဓိပ္ပါယ် (ongoing)Where stories live. Discover now