Ep_19(uni)

305 15 0
                                    

!ဒုန်း

ကိုကို အခန်းထဲကထွက်သွားတဲ့အသံကြားမှ ကိုကို ခြုံပေးသွားသသည့်စောင်ကို
ခြေထောက်ဖြင့်ကန်ထုတ်ကာ မကျေမနပ်
ဖြစ်လျှက် မွေ့ရာပေါ် လူးလှိမ့်ပြီး
စိတ်ဖြေလိုက်သည်။

"ဘာလို့လဲ ဘာလို့ ငါ့ကြမှ ဒီလိုဖြစ်ရတာလဲ"

လူးလှိမ့်ရင်း မွေ့ရာကိုလက်နဲ့ တဘုန်းဘုန်း
မြည်အောင်ထုရိုက်နေမိသည်။ မောလာမှ ပက်လက်အနေအထားနဲ့ အမောဖြေလိုက်သည်။ပြီးနောက် ဝတ်ထားတဲ့အကျီကို ဗိုက်အပေါ်ထိ လှန်လိုက်ပြီး ဗိုက်ပေါ်ကို လက်တင်၍
စမ်းကြည့်လိုက်သည်။

*ဘာလို့အစောချည်းရောက်လာတာလဲ
ဘွဲ့ရပြီး အလုပ်အကိုင်နဲ့အခြေတကျဖြစ်မှ
လာပါတော့လား။အခုကြ ဒီအဖေကို
လူဆိုးဖြစ်အောင်လား !ဟမ် ဘာလို့
အစောချည်းရောက်လာတာလဲ*

ရှေ့ရေးကိုအများကြီးတွေးကာ
ရင်ထဲပူလောင်မှု့တို့နဲ့အတူ ရင်ဆိုင်ရမှာ
ကြောက်နေမိသည်။

*!ဟင့် တောင်းပန်ပါတယ် ကလေးလေးရယ် အခုချိန်မှာ မလိုချင်သေးဘူး*

အကောင်ထည်ပေါ်မှာမဟုတ်သေးတဲ့
ကိုယ့်ရင်သွေးလေးကို ကြင်နာထိုက်သည်
စိတ်ထဲသနားမိပြန်သည်။ မွေးဖို့ရာကြ
ဘယ်လိုမှမဖြစ်နိုင် ကျောင်းပြီးအောင်
တတ်ချင်သေးသည်။ ဦးတို့ပြောသလို
ကျောင်းတစ်နှစ်နားပြီးပြန်တတ်ဖို့ မဖြစ်နိုင် လူ့လောကထဲရောက်အောင် မွေးပြီးမှတော့ စိတ်ချလက်ချ ကလေးကိုအိမ်မှာထားပြီး ကျောင်းမသွားနိုင်။

ကိုယ့်အသက်ကငယ်သေးတာကြောင့် အဆင်သင့်မဖြစ်သေးပါ။ လူကြီးနှစ်ယောက်ကတော့ ကိုယ့်ဗိုက်ထဲမှာရှိနေသည့် မွေးလာတဲ့ကလေးကို လိုချင်နေမှာသေချာသည်။

*ဘာဖြစ်ဖြစ်ကွာ ငါ နေချင်သလိုနေမယ်
ငါ့ကို ပိုင်ဆိုင်တဲ့လူနှစ်ယောက်ရှိတာ မှန်တယ်
ငါ လုပ်ချင်တာလုပ်လို့ရတာပဲ
ဘယ်သူ့မှ ဂရုစိုက်မနေဘူး*

ကိုယ့်အတွေးနဲ့ကိုယ် အမြန်ထကာ
ကျောင်းသွားဖို့ ပြင်ဆင်လိုက်သည်။
အကုန်ပြင်လို့အပြီးမှာ ဖုန်းယူ၍ ပိုင့်ကို
ဖုန်းခေါ်ကာ အိမ်ကိုလာခေါ်ပေးဖို့
ပြောလိုက်သည်။

အချစ်၏အဓိပ္ပါယ် (ongoing)Where stories live. Discover now