Ep_8 (uni)

466 21 1
                                    

အိမ်ရောက်ပြီဆိုတာနဲ့ မုန်းရန်ခက်သည်
ကလေးကို မနိုးအောင် အသာလေးပွေ့ကာ
ကားပေါ်ကနေဆင်းခဲ့လိုက်သည်။
အမောင့်ကိုတံခါးပိတ်ခဲ့ဖို့ ခြေဟန်လက်ဟန်
ပြခဲ့ပြီး အိမ်ပေါ်တတ်ခဲ့လိုက်သည်။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်
ကလေးကို မွေ့ရာထပ်ပေါ်အသာချ
သိပ်လိုက်သည်။
ကိုယ့်လည်ပင်းကိုသိုင်းဖက်လာသည့်ကလေးက
မျက်လုံးမဖွင့်ဘဲ စကားပြောလာသည်။

"ကိုကို သား အနားကနေမသွားနဲ့နော်
သား ဘေးနားမှာနေပေး"

"ကျွတ်...ကျွတ် ကိုကို ဖက်ပေးထားမယ်
အိပ် အိပ်"

တဖြည်းဖြည်း ငြိမ်သွားသည့်ကလေးဆီကနေ
ညည်းသံလေးထွက်လာတာကြောင့် နှာဖူးပေါ်လက်တင်ကြည့်ရာ အပူချိန်ကိုထိတွေ့မိတာမလို့
ကလေး ဖျားနေပြီဆိုတာသိလိုက်ရသည်။
ခဏအကြာမှာအခန်းထဲဝင်လာတဲ့ အမောင့်ကို အသံမထွက်ရန်အသံတိတ်ပြောရပြန်သည်။အမောင်က အနားရောက်လာကာ
ခပ်တိုးတိုးလေးပြောလာ၏။

" အမုန်း babyကို နှိုးလိုက်
ဝယ်လာတာစားပြီးမှ ဆေးသောက်အိပ်ခိုင်း"

"ရှူး....ကလေးဖျားနေတယ် အမောင်ရဲ့
တစ်နေကုန်ပင်ပန်းလာတာ
အိပ်ခိုင်းလိုက်တော့ တရေးနိုးမှ တစ်ခုခု
ကျွေးပြီးဆေးတိုက်တော့မယ်"

"အမုန်း ဗိုက်ဆာနေပြီလား သွားစားလိုက် အမောင် babyကိုကြည့်ထားလိုက်မယ်"

"အမောင်သွားစားနှင့် အမောင်စားပြီးမှ
အမုန်းစားမယ်"

"အရမ်းဖျားနေလား စည်သူ့ကို
သွားခေါ်လိုက်ရမလား"

"မခေါ်နဲ့ သားအိပ်ချင်နေလို့ ဆရာဝန်လာရင် ဆေးထိုးမှာ နော် ကိုကို မခေါ်နဲ့နော်"

" babyအိပ်မပျော်ဘူးလား
ခေါက်ဆွဲကြော်စားမလား"

"မစားချင်ဘူး ပါးစပ်ထဲခါးနေတာ"

"ကိုကိုက ကလေးအိပ်နေပြီထင်နေတာ"

" သားမျက်လုံးမဖွင့်နိုင်ဘူး ကိုကို
ပါးစပ်ထဲခါးနေတယ် ခေါင်းလည်းကိုက်တယ် အိပ်လို့မပျော်ဘူး"

"အမောင် ကလေးဖျားနေပြီ
ကိုစည်သူ့ကို ခေါ်လိုက်တော့"

"မခေါ်ပါနဲ့ဆိုဗျာ သားစကားကို
နားမထောင်ကြဘူး"

အချစ်၏အဓိပ္ပါယ် (ongoing)Where stories live. Discover now