Part - 9

748 57 16
                                    


မတက်နိုင်တော့တဲ့အခြေအနေမို့အခန်းအတူတွဲသုံးဖို့လက်ခံလိုက်ရသည်။
အခန်းကိုကြည့်လိုက်တော့ကျယ်ပေမဲ့ခုတင်တစ်လုံးထဲပါသည်။

"ကိုကို‌ယောက်ဖရေချိုးအုံးမလား"

"..ငါ့ဟာငါချိုးချိုးမချိုးချိုးမင်းနဲ့ဘာဆိုင်လဲ"

"မဟုတ်ဘူးလေ ချိုးမယ်ဆိုအတူတူချိုးမလားလို့"

"ဘာ!
မင်းဘာပြောတယ်"

ဂျောင်ဂုထိုသို့ပြောတော့ဂျီမင်းဒေါသထွက်ကာဂျောင်ဂုအနားရောက်လာသည်။

"မဟုတ်ဘူးမဟုတ်ဘူးစတာစတာ"

"....မင်းနော်ကိုယ့်ဟာကိုယ်အေးဆေးနေ"

"စေတနာနဲ့ပြောပြတာပါဗျ"

"မပြောနဲ့မင်းစေတနာမလိုချင်ဘူး!"

"..........ဒါဆိုကျနော်ရေချိုးလိုက်အုံးမယ်"

".ချိုးပါလား .ငါ့ကိုဘာလို့လာပြောနေတာလဲ"

"..အော် ပြောမိတဲ့အတွက်‌တောင်းပန်ပါတယ်"

ဟုပြောကာဂျောင်ဂုကရေချိုးခန်းထဲဝင်သွားသည်။

"သတောင်းစားလေးငါ့ကိုရွဲ့သွသေးတယ်"

ခုတင်ပေါ်ပြန်ထိုင်လိုက်ပြီး
သူ့အိတ်ထဲကစာအုပ်လေးနဲ့နားကြပ်ကိုထုတ်ကာစားပွဲခုံပေါ်တင်လိုက်သည်။

ထို့နောက်အခန်းတစ်ခန်းလုံးကိုလေ့လာနေသည်။

"ဟမ်.."

ဆောင်ကိုကြည့်တော့လည်းတစ်ထည်ပဲပါသည်။

"ကျစ်..."

ပတ်ဂျီမင်းလည်းခေါင်းကုပ်လိုက်တော့သည်။
စိတ်ရှုပ်လို့စာပဲဖတ်တော့မယ်ဆိုပြီးစာအုပ်ကိုယူလိုက်ချိန်ဂျောင်ဂုရေချိုးပြီးလို့ရေချိုးခန်းထဲကထွက်လာသည်။

ရေချိုးခန်းတံခါးပွင့်လာသံကြားတော့ဂျောင်ဂုပြီးပြီမှန်းသိပေမဲ့လှည့်မကြည့်ပါ။

ဂျောင်ဂုကအပေါ်ပိုင်း‌ဗလအောက်ကိုသဘက်လေးတစ်ထည်ပတ်ထားသည်။
ကြီးမားတဲ့ရင်အုံတစ်ခုလုံးကိုအတိုင်းသားမြင်နေရသည်။

အကျီကဂျီမင်းအရှေ့ကခုံမှာမို့ဂျီမင်းအနားသို့ရောက်လာသည်။စာဖတ်နေတဲ့ကိုကိုယောက်ဖအားတွေ့တော့စပ်စုချင်ပြန်သည်။

ကိုကိုယောက်ဖWhere stories live. Discover now