Part - 26

953 74 23
                                    


ကိုကိုကလည်းအလုပ်သွားရည်းစားလေးကလည်းအိမ်ကိုမလာတာကြောင့်ဒီကနေ့တော့အပြင်ထွက်မည်ဆိုကာသူငယ်ချင်းတွေနဲ့အပြင်လျှောက်လည်ခဲ့သည်။အလည်ကောင်းပြီးအချိန်လွန်၍အကိုဖြစ်သူအလုပ်ကပြန်လာတော့မဲ့အချိန်မှသတိရလို့ကမန်းကတန်းအမြန်သုတ်ပြီးပြန်လာခဲ့ရသေးသည်။

အိမ်ရောက်တော့မှ

"ကားမတွေ့ဘူး..မရောက်သေးဘူးထင်တယ်..အမလေးတော်သေးတာပေါ့.ဟူးးး"

y/nလည်းသက်ပြင်းချကာအိမ်ထဲဝင်ပြီးရေမိုးချိုးကာအနားယူလိုက်သည်။

တအောင့်နေတော့ကားသံကြားလို့အပြင်ထွက်ကြည့်လိုက်သည်။

ကားထဲမှာကိုကိုတစ်ယောက်တည်းမဟုတ်ပဲဂျောင်ဂုပါပါလာတာကြောင့်

"ဟင်..ကိုကိုကဘယ်လိုလုပ်ပြီးပါလာတာလဲ"

ဂျီမင်းကတော့ဘာမှမပြောပဲအိမ်ထဲသို့ဝင်သွားသည်။ကျန်ခဲ့တဲ့ဂျောင်ဂုက

"လမ်းကြုံလိုက်လာတာ"

"အော်..အဲ့ဒါလေးပြောရမှာကိုဘာမှမပြောသွားဘူး"

(ဂျီမင်းကိုပြောတာပါ..သူ့ကိုဘာမှပြန်မပြောသွားလို့)

"အခုနေလာတော့ဘယ်ချိန်အိမ်ပြန်မလဲ"

"ခဏနေပြန်မယ်လေ"

"နေအုံးမှာ‌လား အိမ်မှာ"

"အင်းခဏ"

"ကဲလာအာ့ဆိုလည်းအထဲကြွ"

"ကြွပါပြီခင်ဗျ"

"............."

ညဆယ်နာရီလောက်မှအခန်းထဲကထွက်လာပြီး
ဝရံတာထွက်ခါလေကောင်းလေသန့်ရှုလိုက်သည်။
လေလေးတွေတဖြူးဖြူးတိုက်ရင်းလေတိုက်လို့လှုပ်ခတ်သွားတဲ့သစ်ရွက်သံလေးတွေလည်းကြားနေရသည်။

"ကိုကို မအိပ်သေးဘူးလား"

y/nကဝရံတာမှမတ်တပ်ရပ်နေတဲ့အကိုဖြစ်သူအားတွေ့တော့အနားသွားကာစကားစပြောလိုက်သည်။
လက်ထဲမှာလည်းမုန့်ထုတ်ကိုင်ထားကာစားနေသည်။

"ဟင့်အင်း မအိပ်ချင်သေးလို့"

"ဘာလဲ..ပျင်းနေတာလား"

ကိုကိုယောက်ဖWhere stories live. Discover now