Part - 36

700 50 9
                                    


ဒီနေ့တစ်နေကုန်လျှောက်လည်ကြပြီးညနေစောင်းမှအိမ်သို့ပြန်ရောက်လာခဲ့ကြသည်။
သူဉေးကအကုန်လုံးကိုပြန်လိုက်ပို့ပေးခဲ့သည်။

"ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်သူဉေး"🐣

"ဂျီမင်းကလည်းမဟုတ်တာ"🐱

"အင်းလေကိုကိုကလည်း"👧🏻

"ကဲကိုကိုလာအိမ်ထဲဝင်ရအောင်ကျနော်ဒီညဒီမှာပဲအိပ်မယ်နော်"🐰

"နေပါအုံးဟ...သူဉေးကိုနှုတ်ဆက်နေတာကို"🐣

ဂျောင်ဂုလည်းခေါင်းကုပ်လိုက်သည်။

"ကဲပါဂျီမင်းရာသွားလိုက်ပါ...ကိုကပြန်တော့မှာပဲသွားသွား"🐱

"ဟုတယ်သွားသွား"👧🏻

"အာ့ဆိုလည်းကျနော်သွားပြီနော်"🐣

Yoongiကခေါင်းညိတ်ပြလိုက်တယ်။
ဂျောင်ဂုကဂျီမင်းပခုံးပေါ်လက်တင်ပြီးအိမ်ထဲသို့ဝင်သွားသည်။

y/nနဲ့သူဉေးကအနောက်ကနေသူတို့အားကြည့်နေရင်းကျန်ခဲ့သည်။

"ကဲ သူတို့သွားပြီ"

"........."(ရယ်ပြ)

"ကိုပြန်တော့မယ်"

"ဟုတ်ဂရုစိုက်ပြန်ပါကိုကို"

".............."

သူဉေးကဘာမှမပြောပဲy/nကိုကြည့်တယ်။
y/nကကြောင်တောင်တောင်လေးဖြစ်သွားတယ်

"ဘာဖြစ်လို့လဲကိုကို"

"......အိမ်ပြန်တော့မယ်လို့"

".....ပြန်လေကိုကိုရဲ့....ဂရုစိုက်ပြန်လို့"

သူဉေးကကားလက်ကိုင်ကိုကိုင်ထားတာကိုလွှတ်လိုက်ပြီးလက်ပိုက်ကာသက်ပြင်းချလိုက်သည်။

y/nလည်းဘာမှန်းမသိကြောင်တောင်တောင်လေးဖြစ်နေတုန်း....နောက်တော့မှသတိရပြီ

"အော်...."

y/nမျက်နှာအပြုံးလေးနဲ့သူဉေးကိုကြည့်လိုက်တယ်။ထို့နောက်အပြင်ကနေကားပြတင်းပေါက်လေးထဲခေါင်းဝင်ပြီးသူဉေးမျက်နှာနားကပ်ကာပါးလေးအားရွှက်ခနဲနမ်းလိုက်သည်။

သူဉေးရဲ့ဆူနေတဲ့နှုတ်ခမ်းလေးကပြေကျသွားပြီးအပြုံးလေးတစ်ခုပေါ်လာသည်။
y/nပြန်ခွာပြီးသူဉေးအားပြန်ကြည့်လိုက်တယ်။

ကိုကိုယောက်ဖWhere stories live. Discover now