y/nသည်သူဉေးနဲ့ချစ်သူတွေဖြစ်ပြီးကတည်းကအပြင်ခဏခဏထွက်တော့သည်.....။
သူဉေးကလည်းအားရင်အားသလိုချိန်းy/nကလည်းအသစ်ဆက်ဆက်ချစ်သူလေးနဲ့တွေ့ချင်တော့အမြဲတမ်းအကိုနှစ်ယောက်နဲ့ပြိုင်ဖိုက်ကာအပြင်ထွက်ဖို့အခွင့်အလမ်းကိုရှာနေခဲ့သည်....။ရည်းစားအသစ်ထားနေတာသိရင်ဆူခံရမှာသိသည်.....ပိုဆိုးတာကသူမထားလိုက်တဲ့ရည်းစားကအကိုဖြစ်သူရဲ့သူဉေးဖြစ်နေတော့အခက်မသင့်ရင်ကြိမ်လုံးစာပါမိရင်မိနိုင်သည်......။
ဂျီမင်းကတော်ရုံမရိုက်တတ်ပါးစပ်ကပဲအမြဲပြောတယ်ဆိုပေမဲ့အရမ်းဆိုးလာရင်တော့ကြိမ်လုံးနဲ့စကားပြောတတ်သည်။တစ်ခါမိခံရဖူးတာကြောင့်အကို့ရဲ့လက်စကိုသူမသိပါသည်....။
စနောက်ပြီးသာအကိုဖြစ်သူကိုပြောရင်ပြောမယ်တကယ်တမ်းကျတော့စိတ်ထဲတွင်ကြောက်ပါသည်။အခုဆိုအကိုကနှစ်ယောက်တောင်ဖြစ်နေပြီမို့သူမတော်တော်လေးသတိထားရမည်။အကိုနောက်တစ်ယောက်ကရည်းစားကအဆင့်ကနေမောင်နှမဖြစ်သွားတော့သိပ်ပြီးမကြောက်ရပါကြောင်းသိနေတာကို....။
အပြင်ခဏခဏထွက်နေတာကြာလာတော့အကိုဖြစ်သူမှသတိထားမိလာကာသံသယဖြစ်လာသည်။
"ဒီကောင်မလေးအပြင်ပဲခဏခဏထွက်နေတော့တာပဲ"
"y/nကိုပြောတာလား"
"အင်းပေါ့ y/nကိုမပြောလို့ဘယ်သူ့ကိုပြောရမှာလဲ"
"ဟုတယ်နော်....ကြည့်ရတာရည်းစားရနေပြီလားမသိဘူး"
"ဟမ်!"
"ကျနော်ကပြောပြတာနော်...အတည်မပြောဘူး"
"ဂျောင်ဂု အေးနော် မင်းy/nကိုတာဝန်ယူထားတာနော်မင်းသိတယ်နော်!"
ဂျီမင်းသည်ထိုင်နေတဲ့ဂျောင်ဂုစီသို့မျက်နှာမူလာကာပြောသည်။
"သိ..သိပါတယ်ဗျာ...y/n ကသူ့သူငယ်ချင်းတွေနဲ့လျှောက်လည်တာလို့ပြောတယ်မလားအဲ့ဒါပဲဖြစ်မှာပေါ့"
"ဟျောင့် မင်းအဲ့လိုပေါ့ပေါ့တွေးလို့မရဘူးလေ..ငါ့ညီမအကြောင်းကိုငါအသိဆုံး"
"ကျနော်လည်းသိပါတယ်ကိုကိုယောက်ဖရာ.."
"မင်းငါ့ကိုအဲ့ယောက်ဖဆိုတာထည့်ခေါ်တုန်းလားဘာလဲမင်းငါ့ကိုယောက်ဖပဲတော်ချင်နေတာလားဟက်လား!"
YOU ARE READING
ကိုကိုယောက်ဖ
Fanfictionရည်းစားလေးရဲ့အကိုဖြစ်သူနဲ့တည့်အောင်ပေါင်းရင်းချစ်မိသွားသောအခါ.... #Jikook