"ရားးဂျွန်ဂျောင်ဂုမပြီးသေးဘူးလား""............."
ဘာအသံမှထွက်မလာသောသူအားနောက်တစ်ကြိမ်ထပ်အော်လိုက်သည်။
"ဂျွန်ဂျောင်ဂု!!"
"ဗျာ...လာပါပြီကိုကိုရယ်ဒီမှာဘောင်းဘီဇစ်ဆွဲနေလို့ပါ"
"ဘောင်းဘီဇစ်ဆွဲတာအဲ့လောက်ကြာလားပြော"
"အော်ကိုကိုရယ်ဒီမှာကျပ်နေလို့ပေါ့.."
"ဘာကိစကျပ်နေတာလဲ.."
"မသိဘူးလေအရင်ကမကျပ်ဘူး...ကြည့်ရတာကျနော့်ညီလေးကပိုကြီးလာတာလားမသိဘူးနော်"
"ဘယ်လို? မင်းတော့!စောစောစီးစီးပေါက်ကရတွေပြောနေပြန်ပြီ"
"ဟီးးးကိုကိုရဲ့စတာပါ"
"အချိန်မရှိဘူးသွားရအောင်"
"ဟုတ်ကဲ့ပါဗျ"
"အဲ့မှာအိတ်ကိုင်ခဲ့ကားပေါ်ကစောင့်နေမယ်"
ဂျီမင်းသည်အရှေ့ကထွက်သွားပြီးကားပေါ်မှာစောင့်နေလိုက်တယ်
ဂျောင်ဂုကဂျီမင်းအိတ်ကိုကိုင်ကာကားပေါ်သို့လိုက်လာခဲ့သည်။"ကျနော်မောင်းမယ်နော်"
"မင်းပဲမောင်းရမှာ မောင်း"
"အော်...ဟုတ်"
ဂျောင်ဂုသည်အရှေ့ကခုံမှာဝင်ထိုင်လိုက်ပြီးဂျီမင်းရဲ့ကုမ်ပဏီသို့မောင်းကာလိုက်ပို့ပေးခဲ့သည်။
"ညနေပြန်ရင်ငါမစောင့်ရစေနဲ့"
"အင်းပါကိုကိုရဲ့...ကျနော်ရုံးမြန်မြန်ဆင်းပြီးလာစောင့်နေမယ်"
"ပြီးရော"
ဂျီမင်းသည်ကားပေါ်ကဆင်းကာတံခါးကိုပြန်ပိတ်လိုက်သည်....။
"ကိုကို"
ဂျောင်ဂုလှမ်းခေါ်တော့လှည့်ကြည့်လိုက်ပြီးပခုံးတွန့်ပြလိုက်သည်။
"မပေးချင်ဘူးလား"
"မပေးချင်ဘူး"
"ဟင်..မဟုတ်ဘူးလေကိုကို..နေပါအုံး"
ဂျီမင်းသည်ရုံးထဲသို့ဝင်သွားသည်။
ဂျောင်ဂုလည်းသက်ပြင်းချပြီးနှုတ်ခမ်းစူကာ
ကားစက်နှိုးလိုက်ပြီးသူ့အလုပ်သို့ဆက်လျှောက်လာခဲ့သည်။
YOU ARE READING
ကိုကိုယောက်ဖ
Fanfictionရည်းစားလေးရဲ့အကိုဖြစ်သူနဲ့တည့်အောင်ပေါင်းရင်းချစ်မိသွားသောအခါ.... #Jikook