"ဟင်...ဂျောင်ဂု...ဂျောင်ဂုမလား""ဟုတယ်လေဗျာ ကျနော်ပေါ့"
"ဂျောင်ဂု!!"
ဂျောင်ဂုကိုတွေ့တော့အလျင်အမြန်ပွေ့ဖက်လိုက်မိသည်။သို့ပေမဲ့ရုတ်တရပ်ပျောက်ကွယ်သွားပြန်သည်.....။
"ဂျောင်ဂု?....ဂျောင်ဂုဘယ်ရောက်သွားတာလဲ....ဂျောင်ဂု..ဂျောင်ဂု...ဂျောင်ဂု...!!"
ရုတ်တရပ်အိပ်ယာကလန့်နိုးလာခဲ့သည်။
"ဟင်..ငါအိမ်မက်မက်နေတာပဲ..ဟူးးး"
jm mind - ဘယ်နှနှစ်နာရီတောင်ရှိနေပါလိမ့်
နာရီကြည့်လိုက်ချိန်အချိန်မှာမနက်ခြောက်နာရီသာရှိသေးသည်။
jm mind - စောသေးတယ်..ပြန်အိပ်လို့ရတော့မယ်မထင်ဘူး
အိပ်ယာမှထကာရေမိုးချိုးပြီးအခန်းအပြင်သို့ထွက်လာသည်။
y/nအခန်းကိုကြည့်လိုက်တော့အိပ်နေသေးတာမို့စာရေးခဲ့သည်။"y/nကိုကိုအစောကြီးနိုးနေလို့အလုပ်ကိုအစောကြီးသွားတော့မယ်မနက်စာလည်းကိုကိုအပြင်မှာပဲစားလိုက်တော့မယ်နော်ညီမလေး..."
ဟုစာတစ်စောင်ရေးကာy/nဘေးမှာထားခဲ့သည်။
ထို့နောက်ကားလည်းမယူချင်တော့တာကြောင့်busဖြင့်မနက်စာစားရန်အတွက်ထိုင်နေကျဆိုင်လေးသို့ထွက်လာခဲ့သည်။ထိုင်နေကျဆိုင်ရဲ့ထောင့်ဆုံးလေးမှာထိုင်လိုက်သည်။ထိုဆိုင်ကဝန်ထမ်းများနှင့်ဂျီမင်းကရင်းနှီးပြီးတော့သူလာတာနဲ့မှာစရာမလိုပဲ....ပန်ကိတ်နဲ့လက်ဖက်ရည်တစ်ခွက်ကအမြဲလိုလိုအလိုက်တသိလာချပေးသည်။
ခုံမှာထိုင်နေရင်းဘေးခုံကိုကြည့်ကာဂျောင်ဂုပထမဆုံးသူ့ကိုချဉ်းကပ်ကပ်တဲ့နေရာကိုသတိရမိသည်။
"ဟူးးးးးး"
ဆိုင်ကဝန်ထမ်းကောင်လေးတစ်ယောက်ကဂျီမင်းအားပန်ကိတ်နဲ့လက်ဖက်ရည်တစ်ခွက်လာချပေးရင်း
"အကိုဒီနေ့မျက်နှာလည်းမကောင်းပါလားဗျ"
ဂျီမင်းသည်အတွေးပေါင်းများစွာနှင့်ရှုပ်ရှပ်ခက်နေချိန်ဆယ်ကျော်သက်အရွယ်သာရှိသေးသည့်ဝန်ထမ်းကောင်ငယ်လေးကမေးလာသည်....။ဂျီမင်းလည်းထိုကောင်လေးအားတစ်ချက်ပြန်ကြည့်ရင်း......။
YOU ARE READING
ကိုကိုယောက်ဖ
Fanfictionရည်းစားလေးရဲ့အကိုဖြစ်သူနဲ့တည့်အောင်ပေါင်းရင်းချစ်မိသွားသောအခါ.... #Jikook