"ငါ့မွေးနေ့တောင်ရောက်တော့မှာပဲ"🐰ဆိုကာပြကဒိန်အားကြည့်လိုက်တော့
မွေးနေ့ရောက်ဖို့ဘယ်လောက်မှတောင်မလိုတော့ပါ။အကျီအဝတ်အစားလဲပြီးအိမ်အပြင်သို့ထွက်လာခဲ့သည်။အမအိမ်ထဲခဏဝင်ပြီး
"အမရေ အမ"
"အေးမောင်လေး အမဒီမှာ"
အမကိုကြည့်လိုက်တော့မီးဖိုချောင်ထဲမှာသာ
အမနားကိုသွားပြီး"ကျနော့်မွေးနေ့ရောက်တော့မယ်နော်"
"အမသတိရတာပေါ့"
"ဟုတ်လား ဒါဆိုအမကျနော့်ကိုဘာပေးမှာလဲ"
"အော် မွေးနေ့ကမရောက်သေးဘူးဘာပေးမှာလဲကအရင်လာတယ်"
"ဟီးးးးကျနော်လည်းဘာလုပ်ရမလဲမသိဘူး"
"အမစဉ်းစားထားတာပါတီလုပ်ပါလား"
"ပါတီ?"
"အင်း ဒီမှာပဲလေအမတို့ခြံဒီလောက်ကျယ်တာ"
"..............."(စဉ်းစား)
"မင်းဘာမှစီစဉ်စရာလိုဘူးဒီကအမကစီစဉ်ပေးမယ်ဘယ်လိုလဲ"
"အမစီစဉ်ပေးမယ်?
တကယ်လား""အင်းတကယ် အမယောက်ကျားနဲ့တိုင်ပင်ပြီးပြီ"
"ဟီးးးအာ့ကြောင့်ဒီအမကိုချစ်တာ."
"အမလေး ဟုတ်ပါပြီဟုတ်ပါပြီ..အခုဘာလဲအလုပ်သွားတော့မို့လား"
"ဟုတ်တယ်အမ"
"ဒါဆိုမနက်စာစားသွား..ဒီမှာလေမင်းကြိုက်တယ်မလား"
"ကြိုက်တယ်..စားသွားမယ်နော်"
"စားပါစားပါ"
ဂျောင်ဂုလည်းသူ့အမကျွေးတာနဲ့မနက်စာဝင်စားလိုက်ပြီးအမအားနှုတ်ဆက်အလုပ်သို့ထွက်လာခဲ့တော့သည်။
ကားမောင်းနေရင်းတစ်လျှောက်
"ဒီနေ့ကိုကိုယောက်ဖနဲ့အတူနေ့လည်စာစားရမှာလား.......သူကနောက်နေလို့ပြောထားတာဘယ်နေ့မှန်းလဲမသိဘူး"
ဆိုကာဂျောင်ဂုလည်းခေါင်းကုပ်ပြီးအလုပ်သာတည့်တည့်မောင်းလာတော့သည်။
မနေ့ကဉီးလေးကဒီနေ့တော့အလုပ်မှာတစ်နေကုန်နေရမည်ဟုပြောထားသောကြောင့်အလုပ်သို့တန်းသွားခြင်းသာ။
YOU ARE READING
ကိုကိုယောက်ဖ
Fanfictionရည်းစားလေးရဲ့အကိုဖြစ်သူနဲ့တည့်အောင်ပေါင်းရင်းချစ်မိသွားသောအခါ.... #Jikook