y/nနဲ့Tv gameကစားရင်းကိုကိုယောက်ဖပြန်အလာအားစောင့်နေသည်။"ကိုကိုကမဟုတ်တော့ဘူး"
"ဘာလို့လဲ"
"အမြဲရှုံးနေတာပဲ စိတ်နဲ့လူနဲ့လည်းကပ်ပါအုံး
အမြဲနိုင်နေတဲ့သူက"ဂျောင်ဂုသည်ဂျီမင်းစီပဲစိတ်ရောက်နေတာကြောင့်ဂိမ်းဆော့တာတောင်တစ်ပွဲမှမနိုင်ပွဲတိုင်းရှုံးနေသည်ဒါတောင်သူ့ဟာသူရှုံးလို့ရှုံးမှန်းသတိမထားမိ။
"ကိုသိပါတယ်ရှုံးတာ"
"စိတ်ကဘယ်တွေရောက်နေမှန်းကိုမသိဘူး
မဆော့ချင်လည်းမဆော့နဲ့တော့""မဟုတ်ပါဘူးy/nရဲ့.ကဲအခုကောင်းကောင်းဆော့မယ်နော်..ဘယ်စီမှစိတ်မရောက်တော့ဘူး"
"ပြီးရော..အာ့ဆိုလည်းပုံမှန်အတိုင်းဆော့
အခုဟာကကိုပဲနိုင်နေတော့ပျင်းလာပြီ""ဟားးဟုတ်ပါပြီ ဟုတ်ပါပြီ"
ထိုတော့မှy/nနဲ့အတူသေချာဆော့ပေးလိုက်သည်။
သူတို့ဆော့နေတုန်းဂျီမင်းအိမ်သို့ပြန်ရောက်လာခဲ့သည်။ဂျီမင်းပြန်လာတာတွေ့တော့ချက်ချင်းပဲဂိမ်းရမုဒ်ကိုချကာ
"ကိုကိုယောက်ဖပြန်ရောက်ပြီလား နည်းနည်းနောက်ကျတယ်နော်"
ဂျီမင်းသည်ဂျောင်ဂုအသံကြားတော့လှည့်ကြည့်လိုက်ပေမဲ့တစ်စကန့်တောင်မကြာမျက်နှာပြန်လွှဲသွားသည်။
ထို့နောက်အပေါ်ထပ်သို့တက်သွားတော့သည်။
ဂျောင်ဂုကသူ့ကိုထပ်ပြီးလျစ်လျှူရှူသွားတော့
စိတ်ထဲမကောင်းဖြစ်လာသည်။
y/nကဒါကိုတွေ့တော့"ကိုကို..အဆင်ပြေလား"
"..........."
ဂျောင်ဂုကy/nမေးတာကိုနားမလည်ဟန်နဲ့ပြန်ကြည့်သည်။
"အော်..ဟို.ဂိမ်းဆော့ရတာလေ.အဆင်ပြေလားလို့"
"အော်.အင်းပြေပါတယ်"
"ဒါဆိုဆက်ဆော့အုံးမလား"
"..ဆက်တော့မဆော့ချင်တော့ဘူးရယ်"
"အင်းပါ..ကိုကိုမဆော့ချင်လည်းမဆော့ပါနဲ့"
y/nကဂျောင်ဂုလက်ထဲကဂိမ်းရမုဒ်အားယူကာသိမ်းလိုက်ပြီးTvအားပြန်ပိတ်လိုက်သည်။
ထို့နောက်ဂျောင်ဂုဘေးမှာထိုင်ကာ
YOU ARE READING
ကိုကိုယောက်ဖ
Fanfictionရည်းစားလေးရဲ့အကိုဖြစ်သူနဲ့တည့်အောင်ပေါင်းရင်းချစ်မိသွားသောအခါ.... #Jikook