"y/nရောဘယ်သွားနေတာလဲ""y/nကသင်တန်းသွားတယ်"
"......y/nဘာတွေလုပ်သေးလဲ"
"ဘာမှမလုပ်ပါဘူး..အိမ်မှာပဲနေတာပါကျနော်တစ်ယောက်လုံးရှိနေတာပဲ"
"............"
"ကျနော်တစ်ခုလောက်မေးချင်လို့"
"အင်းဘာလဲ"
"ကိုကိုယောက်ဖနဲ့အဲ့လူကဘယ်လိုပတ်သတ်တာလဲ"
"ဘယ်လူလဲ"
"ကိုကိုယောက်ဖကိုပြန်လိုက်ပို့တဲ့သူ"
"...ဘယ်သူဖြစ်ဖြစ်မင်းနဲ့မဆိုင်လို့သိစရာမလိုဘူး"
"ကိုကိုယောက်ဖ!"
သူမေးတာကိုမဖြေပဲအမြဲဒီလိုပဲပြောနေတော့
ဂျောင်ဂုစိတ်မရှည်ကာအော်သံပါလိုက်မိသည်။"ဘာလဲ...မင်းငါ့ကိုအော်လိုက်တာလား?"
"မ.မဟုတ်ဘူး...ကျနော်မေးတာကိုဘာလို့မဖြေတာလဲ..အဲ့လူကကိုကိုယောက်ဖရဲ့ဘာမို့လို့လဲ"
"..ငါ့အတွက်ကအဲ့မေးခွန်းကဖြေစရာမလိုဘူးထင်တာပဲ..ဒီမှာပင်ပန်းလာတာမို့မင်းပြန်ရင်ပြန်..မပြန်ရင်လည်းတိတ်တိတ်လေးနေပေး"
"..........."
ဂျီမင်းသည်ပြောပြီးတော့သူ့အခန်းထဲသို့ဝင်သွားတော့သည်။
ဂျောင်ဂုလည်းဆိုဖာပေါ်တွင်ထိုင်ကာဂျီမင်းပြောခဲ့တဲ့စကားတွေပဲစဉ်းစားနေသည်။
နေ့လည်စာစားချိန်ရောက်တော့ဂျီမင်းအခန်းထဲမှထွက်ကာအောက်ဆင်းလာခဲ့သည်။
ဆိုဖာပေါ်တွင်အိပ်ပျော်နေသောဂျောင်ဂုကိုတွေ့တော့"ဒီကောင် မပြန်သေးဘူးပဲ"
ဂျီမင်းလည်းခေါင်းကုပ်ကာမီးဖိုချောင်ထဲသို့ဝင်သွားတော့သည်။
နေ့လည်စာစားလိုက်ပြီးပြန်ထွက်လာတဲ့အထိ
ဂျောင်ဂုကအိပ်ပျော်နေသည်။Jm mind - ဒီကောင်တကယ်ပဲဇာတ်တွေမညောင်းဘူးလားမသိဘူး
ဂျီမင်းလည်းအနားသို့သွားကာဂျောင်ဂုအားနှိုးလိုက်သည်။
"ဒီမှာ..အိပ်ချင်ရင်လည်းအိမ်ပြန်အိပ်လေ"
".......အော်...ကျနော်အိပ်ပျော်သွားတာ.ညကကောင်းကောင်းနဲ့အိပ်မပျော်ခဲ့လို့"
YOU ARE READING
ကိုကိုယောက်ဖ
Fanfictionရည်းစားလေးရဲ့အကိုဖြစ်သူနဲ့တည့်အောင်ပေါင်းရင်းချစ်မိသွားသောအခါ.... #Jikook