အလုပ်ပြန်လာတော့အိမ်ကတိတ်ဆိတ်နေပြီးအရင်ကလိုy/nကလည်းထွက်ကြိုနေခြင်းမရှိတာကြောင့်အထဲမှာဘာတွေလုပ်နေလို့လဲဆိုကာအိမ်ထဲဝင်လာကာမှ...ဆိုဖာပေါ်မှာအိပ်ပျာ်နေသောညီမဖြစ်သူနှင့်သူမ၏မုန့်များသည်စားပွဲခုံတွင်ပွကျဲနေသည်။
"ကျစ်...ဒီကောင်မလေးကတော့လုပ်လာပြန်ပြီ"
ဂျီမင်းသည်သူရဲ့ရုံးအိတ်အားချကာy/nစားထားတဲ့မကုန်သေးတဲ့မုန့်တွေကိုသိမ်းလိုက်ပြီးကုန်သွားတဲ့မုန့်တွေကိုလွှင့်ပစ်လိုက်ပြီးy/nအားနှိုးလိုက်သည်။
"ကဲ မယ်မင်းကြီးမ.ထတော့ညနေစောင်းမှာအိပ်နေတယ်"
"......ဟင်..ကိုကို....ကိုကိုပြန်ရောက်နေပြီ! ငါသိမ်းရမယ်အမြန်သိမ်းရမယ်!"
y/nသည်မျက်လုံးပွင့်လာပြီးနောက်အကိုဖြစ်သူပြန်လာတာလည်းမြင်ရောအသည်းအသန်ကုန်းထကာသူဖွထားတဲ့ဟာများသိမ်းရန်စားပွဲပေါ်သို့ငုံ့ကြည့်လိုက်ချိန်အကုန်ရှင်းနေတာတွေ့တော့
ဂျီမင်းအားတစ်ချက်ပြန်မော့ကြည့်လိုက်သည်။
ဂျီမင်းကခါးထောက်ပြီး"အမလေး..လုပ်မနေနဲ့ကျတော်မျိုးအကုန်သိမ်းပြီးပြီ"
".ဟီးးးးး"
"ဟီးလုပ်မနေနဲ့...ထတော့ညနေစောင်းနေပြီဘယ်ကတည်းကအိပ်နေတာလဲ"
"1နာရီလောက်ကမှအိပ်တာ...အိပ်တာမဟုတ်ဘူးအိပ်ပျော်သွားတာ...ဒါနဲ့ကိုကိုရောဘယ်ရောက်သွားတာလဲ"
"ဘယ်သူလဲ..ဂျောင်ဂုလား"
"ဟုတယ်လေညီမလေးတို့ဂိမ်းဆော့နေရင်းနဲ့အိပ်ပျော်သွားတာ"
"ပြန်သွားတာနေမှာပေါ့"
"ဘယ်မှလည်းမပြောသွားပါဘူး"
"အော် နင်အိပ်နေလို့နေမှာပေါ့"
"..........."
"............"
"ကိုကိုအကျီတောင်မလဲဘူးလား သွားလေသွားနားညီမလေးဟင်းချက်လိုက်မယ်"
"ရတယ်"
"ကဲပါသွားပါ..အခုမှအလုပ်ကပြန်လာပြီးတော့သွားနားမှာဖြင့်သွားနား"
YOU ARE READING
ကိုကိုယောက်ဖ
Fanfictionရည်းစားလေးရဲ့အကိုဖြစ်သူနဲ့တည့်အောင်ပေါင်းရင်းချစ်မိသွားသောအခါ.... #Jikook