ဒီနေ့ကအလုပ်ဖွင့်ရက်ဖြစ်တာကြောင့်ပတ်ဂျီမင်းကလည်းအိမ်မှာမရှိ....ဂျောင်ဂုကလည်းအလုပ်ရှိတာကြောင့်အိမ်သို့မလာပါ....။အိမ်မှာy/nတစ်ယောက်တည်းရှိသည်သင်တန်းကလည်းပြီးသွားတာကြာပြီဖြစ်တာကြောင့်ဘယ်မှာလည်းသွားစရာမရှိပါ.....။
ဆိုဖာပေါ်မှာတစ်ယောက်တည်းလှဲအိပ်ကာTvကြည့်နေရင်းပျင်းလာတော့ဖုန်းကောက်ကိုင်လိုက်သည်ဖုန်းကိုင်တာလည်းကြာလာတော့ပျင်းလာသည်ဖုန်းကိုပြန်ချကာဘာလုပ်ရမလဲတွေးရင်းနဲ့ပဲအချိန်တွေကုန်လွန်ခဲ့သည်....။.
နေ့လည်3နာရီလောက်ထိမနိုးသေးပဲအိပ်ပျော်နေခဲ့သည်y/nအိပ်ပျော်နေတုန်းအိမ်ထဲသို့လူနှစ်ယောက်ဝင်လာသည်....ထိုလူနှစ်ယောက်သည်စကားပြောကာရယ်မောရင်းနဲ့အိမ်ထဲသို့ဝင်လာသည်...။
အိမ်ထဲရောက်တော့ဆိုဖာပေါ်မှာအိပ်ပျော်နေတဲ့ကောင်မလေးအားတွေ့တော့....
"ဒီကောင်မလေးကတော့....ဟို အားနာလိုက်တာသူဉေးရယ်..ကျနော်နှိုးလိုက်အုံးမယ်"
"အာ ဂျီမင်း..မလုပ်ပါနဲ့..ထားလိုက်ပါအိပ်ပါစေ"
"ဗျာ...အားနာစရာကြီး ကျနော်နှိုးလိုက်ပါမယ်"
"မနှိုးပါနဲ့....ကိုဘာမှမဖြစ်ပါဘူး...ထားလိုက်ပါကိုဟိုဘက်ဘေးမှာထိုင်လိုက်မယ်"
"အာ..အဲ့ဒါသာကြည့်တော့...အဲ့ခလေးမကအဲ့လိုပဲ"
ဂျီမင်းထိုသို့ပြောတော့သူဉေးကy/nအားတစ်ချက်ကြည့်လိုက်ပြီးပြုံးလိုက်သည်
"ရပါတယ်ဂျီမင်းရယ် အိပ်ပါစေ"
"ဟုတ်..ထိုင်ပါအုံးသူဉေး...ကျနော်သူဉေးသောက်ဖို့တစ်ခုခုသွားယူလိုက်အုံးမယ်"
"ကောင်းပါပြီ"
"............"
ဂျီမင်းထွက်သွားတော့ဆိုဖာပေါ်မှာအိပ်နေတဲ့y/nစီအကြည်ပြန်ရောက်သွားသည်။
y/nနဲ့တွေ့ချင်လို့တမင်အကြောင်းရှာပြီးဂျီမင်းနဲ့လိုက်လာပေမဲ့y/nကတော့အိပ်ပျော်နေသည်။အနားသို့သွားပြီးy/nဘေးမှာထိုင်လိုက်ကာအိပ်ပျော်နေတဲ့သူမရဲ့ပုံစံကိုကြည့်ပြီးရယ်လိုက်မိသည်.....။
YOU ARE READING
ကိုကိုယောက်ဖ
Fanfictionရည်းစားလေးရဲ့အကိုဖြစ်သူနဲ့တည့်အောင်ပေါင်းရင်းချစ်မိသွားသောအခါ.... #Jikook