"ခြေထောက်ကဘယ်လိုလဲအဆင်ပြေရဲ့လား""အင်း အရမ်းကြီးမနာတော့ဘူး"
"အနားယူလိုက်ရင်သက်သာသွားမှာပါကိုလိမ်းပေးတဲ့ဆေးကနယ်နယ်ရရဆေးမဟုတ်တော့သက်သာသွားမှာကျိမ်းသေတယ်"
".........."
y/nကထိုလူ့ကိုကြည့်လိုက်ရင်းမျက်နှာပြန်လွှဲကာဘာမှမပြောပဲနေလိုက်သည်။
အစကအတင်းခေါ်လာတော့ဘာလုပ်မလို့လည်းဆိုပြီးလန့်သွားပေမဲ့နောက်တော့မှသူ့အိမ်ကိုခေါ်လာပြီးခြေထောက်ကိုသက်သာအောင်ဆေးလိမ်းပေးတော့မှနည်းနည်းစိတ်သက်သာရာရသွားသည်...။
"ဒါနဲ့မင်းနာမည်ကy/nလား"
"ဟုတ်တယ်Park Y/n"
"အော်...နာမည်လေးကချစ်စရာလေးပဲအင်းပေါ့လေလူကလည်းချစ်စရာလေးဆိုတော့"
"ခင်ဗျားနာမည်ကရော"
"ကို့နာမည်လား..အဟမ်း...ကို့နာမည်ကMin Yoongiပါ"
"ခင်ဗျားနာမည်လည်းလှပါတယ်"
"ဟုတ်လား ကိုတောင်အဲ့လိုမတွေးမိဘူး"
"ဒါကတော့ဘယ်တူပါ့မလဲ"
"ဟုတ်တာပေါ့"
"ဒါနဲ့y/nကိုအိမ်ပြန်ပို့ပေးတော့"
"ဟုတ်သားပဲ..y/nအိမ်ကဘယ်မှာလဲ?
ကိုဘယ်ကိုလိုက်ပို့ပေးရမလဲ""ကားပေါ်ရောက်ရင်ပြောပြမယ်"
"အိုခေအိုခေ..ထနိုင်တယ်မလားကိုချီသယ်သွားရမလား"
"ရတယ်ရတယ်...တွဲပဲတွဲပေး"
"ကောင်းပါပြီ"
yoongiလည်းy/nအားကူတွဲပေးပြီးကားပေါ်တက်ကာအိမ်သို့လိုက်ပို့ပေးသည်..။
"အဲ့အရှေ့နားမှာရပ်လိုက်"
"ဟိုအရှေ့လား"
"ဟုတယ်"
yoongiလည်းy/nပြောတဲ့အရှေ့မှာရပ်လိုက်သည်..။
Yoongiကသူနဲ့အရမ်းရင်းနှီးတဲ့လူတစ်ယောက်ရဲ့အိမ်ဖြစ်နေတော့နားမလည်နိုင်စွာကြည့်နေရင်းy/nကကားပေါ်ကဆင်းလိုက်ပြီးအိမ်ထဲမဝင်ခင်ကျေးဇူးတင်စကားပြောလိုက်သည်...။
YOU ARE READING
ကိုကိုယောက်ဖ
Fanfictionရည်းစားလေးရဲ့အကိုဖြစ်သူနဲ့တည့်အောင်ပေါင်းရင်းချစ်မိသွားသောအခါ.... #Jikook