Part - 7

739 59 5
                                    

y/nသင်တန်းပြန်လွှတ်လို့ကျောင်းထဲကထွက်လာချိန်တွင်ကိုကိုပတ်ဂျီမင်းရောကိုကိုဂျွန်ဂျောင်ဂုရောနှစ်ယောက်လုံးလာကြိုတာမြင်တော့

"အယ် ဘယ်လိုဖြစ်ပြီးနှစ်ယောက်တောင်"

သူတို့အနားမသွားခင်ခဏရပ်ကြည့်နေလိုက်သည်။
သူတို့ကရန်ဖြစ်နေတာလားစကားများနေတာလားမသဲကွဲပင်။

စကန့်ပိုင်းလောက်ရပ်ကြည့်နေပြီးအနားသို့တစ်ဖြည်းဖြည်းလျှောက်သွားလိုက်သည်။
ကိုယ်လာတာ‌တောင်မသိနှစ်ယောက်သားဘာတွေပြောလို့ဘာတွေဆိုနေမှန်းမသိပါ။
အခုကျတော့လည်းတည့်နေကြပြန်ရောဆိုကာ
လှမ်းခေါ်လိုက်စဉ်

"ကိုကို"

y/nအသံကြားတော့နှစ်ယောက်လုံးလှည့်ကြည့်လာသည်။
y/nကသူတို့အနားသို့အမြန်ပြေးသွားလိုက်သည်။
အနားရောက်တော့မှ

"ကြည့်ပါအုံး အခုကျတော့လည်းတည့်နေလိုက်ကြတာ..ကောင်းတယ်ကောင်းတယ်"

"ကိုကတည့်တယ်ကိုကိုယောက်ဖကမတည့်တာ"

".ဟျောင့်!မင်းပါးစပ်ပိတ်ထားလိုက်!"

"နေပါအုံး...စောနကစကား‌ကောင်းပြောနေကြတာမဟုတ်ဘူးလား"

"စကားကောင်း? ဟက် ရယ်စရာပဲ"

"မဟုတ်ပါဘူးy/nရယ်ကိုကိုယောက်ဖကကိုယ့်ကိုရန်တွေ့နေတာ"

"မင်းကိုငါဆင်ဆင်ခြင်ခြင်နေလို့ပြောထားတယ်‌လေ..ငါမျက်စိနောက်အောင်မနေနဲ့ပေါ့"

"ကဲပါကဲပါ တော်ကြပါတော့..သွားမယ်သွားမယ်"

y/nပြောတော့မှနှစ်ယောက်လုံးကားပေါ်တက်လိုက်ကြသည်။

"တကယ်ပဲတစ်ချိန်ကျရင်အတူတူနေရမဲ့သူတွေကိုသူတို့မှာမတည့်ကြဘူး"

ဆိုကာy/nကတိုးတိုးလေးဆိုလိုက်သည်။

y/nကိုလာမကြိုခင်နှစ်နာရီအလို

ညီမလေးအားသွားကြိုဖို့ကားပြင်နေချိန်ဂျွန်ဂျောင်ဂုကရောက်လာပြီး

"ကိုကိုယောက်ဖ..y/nကိုသွားကြိုမလို့လား"

"..မဟုတ်ဘူး"

"ဟင် အာ့ဆိုဘယ်သွားမို့လဲ"

"....ကျစ်..မင်းနဲ့ဘာဆိုင်လို့လဲ"

ကိုကိုယောက်ဖWhere stories live. Discover now