နှစ်ခြိုက်စွာအိမ်မောကျနေရင်းပြတင်းပေါက်ကိုဖြတ်ကျော်ပြီးတိုးဝင်လာသောနေရောင်ကြောင့်မျက်လုံးများတဖြည်းဖြည်းပွင့်လာသည်။"အင်းးးးး"
မနက်ခင်းကိုငြီးငြူခြင်းနဲ့အတူနိုးထလာခဲ့သည်။
နိုးနိုးခြင်းတစ်ကိုယ်လုံးနာကျင်နေပြီးအဆိုးဆုံးကအောက်ပိုင်းပင်ဖြစ်သည်.....။အကျီတွေကိုကြည့်လိုက်တော့သူ့အကျီတွေမဟုတ်ထို့နောက်မှအခန်းကိုသတိထားမိပြီးသူ့အခန်းမဟုတ်မှန်းသိလိုက်သည်။
"ဟင်....ဒါ"
ထို့နောက်သူ့ဘေးနားမှကောင်လေးတစ်ယောက်ကိုကြည့်လိုက်တော့
"ဂျောင်ဂု...ဂျောင်ဂုရေ"
ဂျီမင်းသည်ဂျောင်ဂုအားဖြည်းဖြည်းချင်းနှိုးလိုက်သည်။ဂျောင်ဂုကမှောက်လျက်အိပ်နေရာကနဲ့ပက်လက်လှန်လာပြီးမျက်လုံးများပွင့်လာသည်။
"ဂျောင်ဂု...ငါ..ငါဘယ်ရောက်နေတာလဲဟင်"
"ဟင်?"
ဂျောင်ဂုသည်အိပ်နေရာကနေချက်ချင်းထလာပြီး
"ဒါကျနော့်အိမ်မှာလေကိုကို...မသိဘူးလား"
"မင်းအိမ်? ဒါဆိုငါညကဒီမှာပဲအိပ်ခဲ့တာလား?"
ဂျောင်ဂုသည်ကြောင်တောင်တောင်ဖြစ်နေသောဂျီမင်းအားမျက်မှောင်ကြုံ့ကာကြည့်လိုက်ပြီးနောက်ရယ်လိုက်သည်....။
"ကိုကိုမမှတ်မိဘူးလားဘာမှ?"
"ဟင်?"
ဂျောင်ဂုသည်ဂျီမင်းမျက်နှာနားကပ်လာပြီး
"ညတုန်းကကျတော့ဂျောင်ဂုရယ်ငါ့ကိုမထားခဲ့ပါနဲ့ငါ့အနားမှာပဲနေပါနော်ဆိုပြီးအကျီစကိုအတင်းဆွဲထားတဲ့ကောင်လေးကအခုမနက်ကျပြန်တော့လည်းသူမဟုတ်တော့တဲ့အတိုင်းကြောင်တောင်"လေးနဲ့ပါလား"
"ဟင်..မင်းဘာပြော..."
"ကျနော်ဘာပြောနေလဲကိုကိုမသိဘူးလား"
ဂျီမင်းသည်ဂျောင်ဂုအားနားမလည်တဲ့အကြည့်တွေနဲ့ခေါင်းခါလိုက်တယ်
"ဒါဆိုလည်းမမှတ်မိတာကိုစဉ်းစားမနေနဲ့တော့....ညတုန်းကဘာတွေဖြစ်ခဲ့လည်းဆိုတာကိုလက်တွေ့ပြန်ပြမယ်"
YOU ARE READING
ကိုကိုယောက်ဖ
Fanfictionရည်းစားလေးရဲ့အကိုဖြစ်သူနဲ့တည့်အောင်ပေါင်းရင်းချစ်မိသွားသောအခါ.... #Jikook