နေ့တိုင်းလိုလိုပဲရည်းစားလေးကအိမ်ကိုအစောကြီးရောက်ရောက်လာသည်။ရောက်လာပြီးရင်လည်းကိုကိုအလုပ်သွားတာနဲ့သူပါလိုက်ထပ်သွားသည်။
ဒီနေ့လည်းကိုကိုအလုပ်သွားတော့မည့်အချိန်တွင်ရည်းစားလေးရောက်လာသည်။"ဟယ် ကိုကို"
ဂျောင်ဂုရောက်လာတော့y/nကတံခါးဝမှာဖြစ်ပြီးဂျီမင်းလည်းအလုပ်သို့သွားတော့မည်ဖြစ်သည်။
ဂျောင်ဂုကဂျီမင်းထွက်သွားတော့မှာကိုမြင်တော့"ဟို..ကိုကိုယောက်ဖကဘယ်သွားမို့လဲ"
"ဘယ်သွားရမှာလဲ..ကိုကိုကအလုပ်သွားတာပေါ့"
ဂျီမင်းအစားy/nကဖြေလိုက်သည်။
ဂျီမင်းကဂျောင်ဂုအားတစ်ချက်ကြည့်ပြီးအလုပ်သို့ထွက်သွားတော့သည်။
ဂျောင်ဂုကဂျီမင်းထွက်သွားတာကိုကြည့်ပြီး
သူပါထွက်သွားမယ်လုပ်တော့"ကိုကိုဘယ်သွားမို့လဲ"
y/nကလက်မောင်းအားပြန်ဆွဲကာပြောလိုက်သည်။
"နေအုံးy/nကိုယ်ပြန်လာမယ်နော်"
"ဘယ်သွားဖို့လဲကိုကို အိမ်မှာမနေဘူးလား"
"ခဏလေးပဲ ကိုကိုပြန်လာခဲ့မယ်"
ဆိုကာy/nလက်အားဖြုတ်ပြီးထွက်သွားတော့သည်။
"ဟာ..ကိုကို..ကိုကို!"
".........."(ထွက်သွား)
"ဟွန့်...ဘယ်သွားပြန်တာလဲမသိဘူး...ကိုကိုအခုတစ်လောအချိုးတွေပြောင်းလာတာအသိအသာကြီးအရင်ကဆိုအိမ်မှာကြီးပဲကပ်နေတာ..အခုကျမှဘယ်လိုဖြစ်နေလဲမသိဘူး..ဟွန့်"
y/nလည်းပြောဆိုပြီးအိမ်ထဲသို့ပြန်ဝင်သွားတော့သည်။
ဂျောင်ဂုသည်ဂျီမင်းရဲ့ကားနောက်ကိုလိုက်ကာ
ဂျီမင်းကားကိုကျော်တက်ပြီးအရှေ့ကနေပိတ်ရပ်လိုက်သည်။"ဟင်..အဲ့ဒါဂျောင်ဂုကားမလား..ဘာလို့အရှေ့မှာလာပိတ်ရပ်တာလဲ"
ဂျီမင်းသည်ကားစက်ကိုရပ်လိုက်ပြီးကားထဲက
ထွက်လာလိုက်သည်။"ဂျွန်ဂျောင်ဂုမလား!
ထွက်ခဲ့.ကားထဲကနေ!!"ဂျီမင်းထိုသို့အော်လိုက်တော့ဂျောင်ဂုကားထဲကနေထွက်လာသည်။ကားထဲကထွက်လာတော့ကိုကိုယောက်ဖအားရယ်ပြနေသည်။
YOU ARE READING
ကိုကိုယောက်ဖ
Fanfictionရည်းစားလေးရဲ့အကိုဖြစ်သူနဲ့တည့်အောင်ပေါင်းရင်းချစ်မိသွားသောအခါ.... #Jikook