Extra 1

3.4K 409 13
                                    

Unicode

အချပ်ပို - ၁

ခုနစ်နှစ် ကြာပြီးနောက်။

ဝမ်ကျားနင် ယန်းယန်းကို ကားထဲကနေ ခေါ်လိုက်ချိန်မှာ သူတို့နောက်သို့ ကင်မရာတစ်လုံးနှင့် လိုက်နေတတ်သူအား နောက်ကြည့်မှန်မှတစ်ဆင့် တွေ့လိုက်ရသည်။ ဒီရက်ပိုင်း သတင်းထောက်တွေဆီမှာ တောက်လျှောက် အလိုက်ခံနေရ၏။ သူ ဘာလုပ်ရမှန်းမသိသလို တစ်ချိန်တည်းမှာလည်း နည်းနည်း စိတ်ပျက်မိပြီ။

ယန်းယန်းသည် လုကျင်းလန်၏သားအရင်းဖြစ်သည်။ အတိအကျပြောရလျှင် ဖန်ပြွန်သန္ဓေသားဖြစ်ပြီး လုမိသားစုမှ ရှာပေးသော အငှားကိုယ်ဝန်ဆောင်နှင့် မွေးထားသည့်ကလေးပင်။ တစ်နည်း သူနှင့်လုကျင်းလန်၏ သားလေးဆိုရင်လည်း မမှားပါ။

ခေါ့ရှင်ဟန်၏ ခန္ဓာကိုယ်ချို့ယွင်းချက်အရ ဝမ်ကျားနင်ကိုယ်တိုင်က ကလေးမရနိုင်သဖြင့် သူ့သွေးသားကို ယူလို့မရခဲ့သော်လည်း ကိစ္စမရှိ။ သူတို့နှစ်ယောက်ကြားမှာ ကလေးတစ်ယောက်ရှိလျှင်ပင် လုံလောက်သည်။

ဒီနှစ်ဆို ယန်းယန်းက ၅ နှစ်ပြည့်တော့မည်။ မွေးကတည်းက လုအိမ်တော်၌ အမေလုတို့၊ လုကျင်းဖုန်းတို့နှင့်အတူ ကလေးက ကြီးပြင်းခဲ့တာဖြစ်သည်။ အစောပိုင်းတွင် ကလေးက ငယ်သေးတာမို့ ဝမ်ကျားနင်နှင့်လုကျင်းလန်တို့က ကလေးကို မပြုစုတတ်တာမို့ ကလေးထိန်းနှင့် လွှဲထားခဲ့ရ၏။ နောက်ကျတော့ သူတို့နှစ်ယောက်မှာ အလုပ်များသည့်အပြင် တခြားလူကို မထိန်းခိုင်းစေချင်၍ အစစအရာရာ‌ထောက်ဆပြီး အစ်ကိုအကြီးဆုံးဆီ ပို့ထားလိုက်ခြင်း။

သို့တိုင် ဟိုတလောက ယန်းယန်း အကြီးအကျယ် နေမကောင်းဖြစ်ခဲ့သည်။ အခု သက်သာသွားပြီဆိုသော်လည်း ကလေးက ဂျီကျနေဆဲပင်။ နောက်ဆုံးတစ်ခေါက် ဝမ်ကျားနင် သွားတွေ့တုန်းက ယန်းယန်းက သူ့ကို ဖက်ထားပြီး ငိုနေကာ လုံးဝ လွှတ်‌မပေးချေ။ ဝမ်ကျားနင်လည်း မကြည့်ရက်တော့သဖြင့် ကလေးကို လုအိမ်တော်ကနေ ခေါ်လာခဲ့လိုက်သည်။

ဒီရက်ပိုင်း လုကျင်းလန်က movie ရိုက်ကူးဖို့ ခရီးထွက်သွားသဖြင့် အိမ်မှာ ဝမ်ကျားနင်နှင့် ယန်ယန်းပဲ ရှိသည်။ ကလေးထိန်းကိုလည်း ခေါ်မထားတာမို့ သူနှင့်ကလေးနှစ်ယောက်တည်းသာ။

ပြီးပြည့်စုံခြင်း [COMPLETED]Where stories live. Discover now