Part 5

2.3K 53 2
                                    

တစ်ခါတစ်ရံတော့ အချစ်သည်ထိုသို့ဖြင့်
အပိုင်း (5)

"ကျွန်တော်တို့ နာမည် တွေ အရင် မိတ်ဆတ်ကြမလား"

သူ့ အသံ မြူးမြူးလေး ဟာ တက်ကြွစွာ ရွှင်လန်း နေခဲ့သည်။

"အင်း...အရင်ပြော"

"ကိုယ့် နာမည် ရာဇသွေး"

သူ က ဏီ ကို ကုန်းပိုး ထား ရာမှ တောလမ်း ကို တရွေ့ရွေ့ လျှောက် ရသည်ကို ပင် မမောပန်း နိုင်ဘဲ စကား တွေ တတွတ်တွတ် ပြော နေသည်။

"ရာ ဇ သွေး ...နာမည် နဲ့ ရှင် နဲ့ လိုက်တယ် နော် ၊အင်း...ဏီနာမည် က ထားဘရဏီထက် "

"ထား ဘ ရ ဏီ ထက် "

သူ က ဏီ ရေးရွတ် သလို တစ်လုံးစီ လိုက်ရေ ရွတ် ပြီး ခပ်တိုးတိုး လိုက် ခေါ် ကြည့်တယ်။

"မင်း လည်း လိုက် တယ် ၊ နာမည် လည်း လှ သလို လူ လည်း ...အင်း ...နာမည် ထက် တောင် ပို လှတယ်"

ချစ်ရသူ က လှတယ် ပြောလာ တော့ ဏီ ပါး ပြင် လေး တွေ ကြည်နူးစွာ ပန်းရောင် သန်း လာတယ်။

"ရာ ဇ သွေး ဆို တော့ ဇ လို့ ခေါ် မယ် နော်၊ ရတယ် မလား"

"ခေါ်...ခေါ် ခင်ဗျာလေး ကြိုက်သလို သာ ခေါ်၊ မောင် လို့ ခေါ် ခြင်လည်း ဖြစ်တယ်နော်၊ ပြောပြတာ "

"သွား ရွှတ်နောက်နောက်နဲ့ "

အင်မတန် မြူးထူး နေသည့် သူ့ ကို ဏီ ခပ်တည်တည်ကလေး ဟောက် လိုက် သည်နှင့်သူက ပုခုံး ပေါ် မှီ တင်ထား တဲ့ ဏီ ခေါင်း ကို သူ့ ခေါင်း နဲ့ ခွေ့ကာတိုးကပ် ကြည်စယ် လာ တယ်။

ရယ်သံ လေး တွေ ပျံ့လွင့် သွား တဲ့နောက် ငှက် ကလေး တစ်အုပ် က ထို နေရာ ရှိ သစ်ရာပင်ပေါ်မှ အုပ်လိုက် ပျံသန်းသွား ကြတယ်။သူတို့ လည်း ရှက် သွား တာ ဖြစ်နိုင် တယ်။

"ဇ ...ရှင့် အသက် ကရော "

"ကိုယ့် အသက် က 26...မင်း ကရော"

"ဏီ က 25"

"အာ... တစ်နှစ်လောက် ငယ် တာ ကိစ္စ မရှိပါဘူး၊ နော် ...ဏီ ၊အသက်ငယ် လည်း ကျွန်တော့် ကို မောင်လို့ ခေါ် ပါလား"

ဇွတ် ကို မောင် အခေါ်ခံ ချင် နေသည့် သူ့ ကို ဏီ က မျက်စောင်းသာ တစ်ချက် ထိုး လိုက် မိသည်။သူ ဆန္ဒ ရှိသလို ခေါ် ချင်သော်လည်း ဏီ အဲလောက်ထိ နှုတ်မရဲပါ။

တစ်ခါတစ်ရံတော့အချစ်သည်ထိုသို့ဖြင့် Where stories live. Discover now