Part 25

1.2K 25 2
                                    

တစ်ခါတစ်ရံ တော့ အချစ်
သည် ထိုသို့ဖြင့်
အပိုင်း 25

တစ်နေကုန် အိပ်ရာဘေး ခွေထိုင်ကာ ငိုနေမိသည်မှာ ခေါင်း တစ်ခုလုံး ထူပူ ကာ မျက်လုံး များ ပင် ကျိန်းစပ် လို့ လာ လေသည်။ ချစ်ရသူ က ဏီ ကို မယုံ ကြည် ဘူး ဆိုတဲ့ ခံစားချက် မှာ ဏီ ရင်ကို တမြေ့မြေ့ ထိုးနှက် တိုက်ခိုက်လို့ နေခဲ့ သည်။

သူ့ အမေ အတွက် ဏီ ကို လေသံမာမာ နဲ့တောင် မပြော ဖူး တဲ့ မောင်ဟာ အသံကုန် အော်ဟစ် သည်အထိ ကြမ်းရှ စွာ ပြုမူ ပြောဆို ခဲ့သည်။ ပြန်တွေး မိတိုင်း အသည်း မှာ နာရ သည်။ မောင်မို့ ပြောရက်လေ ခြင်း၊ ထင်ရက်လေ ခြင်း ဆို တဲ့ အတွေး များ ဟာ ဏီ ခန္ဓာကိုယ် တစ်ခု လုံး ကို တရစ်ရစ် ညှင်းဆဲ နေသယောင် ခံရခက် လွန်း လေသည်။

ဏီ မောင့် ကို စိတ်နာ မိသည်။ ဏီ မှာ တော့ သူ့ ကို ချစ် လို့ သူ့ အတွက် ကိုယ့် အသက် ကိုတောင် စွန့် ဖို့ ဝန်မလေး ခဲ့။ သူကတော့ ဏီ ကို ယုံကြည်မှု သေးသေး လေး တောင် မအပ်နှင်း နိုင် တဲ့ လူ ဖြစ်သည်။ ဘာ အတွက်များ ဏီ က သူ့ အိမ်မှာ သူ မျက်နှာ ကို ကြည့်ပြီး သူ နဲ့ အတူ နေ ရအုံး မှာ လဲ။

ဘယ်လို တွေးတွေး ဏီ သူနဲ့ အတူ ဆက်နေရမဲ့ အကြောင်းပြချက် ကို ရှာ မတွေ့ တော့။ ဆက်နေ ခြင်း၊ ဆက်မနေ ခြင်း ဆိုတာထက် လောလော ဆယ် ဏီ သူ့ မျက်နှာ ကို ကြည့်ပင် မကြည့်ချင်တော့။ တစ်ပေါက်စီ ကျ နေသည့် မျက်ရည်များ ကို ခပ်ကြမ်းကြမ်း သုတ်လိုက်သည်။

တစ်နေကုန် စိတ်ရှိလက်ရှိ ငိုထား တာ မို့ မျက်လုံး အစ်ကာ မျက်နှာ က မို့ နေ သည်။ ရေချိုးခန်းထဲ ဝင်ကာ မျက်နှာ သစ် လိုက်ပြီး ဘာမှ လည်း ပြင်ချင်စိတ်မရှိတော့ တာ ကြောင့် tissue နဲ့ သာ မျက်နှာ သစ်လိုက်ကာ ကိုယ့်ပုံစံ ကို တစ်ချက် ကြည့်လိုက်မိသည်။မှန်ထဲ က ဏီ ကိုယ့် ဏီ ကြည့်နေမိသည်။မျက်နှာ သစ်ထား တာ တောင် ငို ချင် နေ ဆဲ မို့ နီရဲ နေတဲ့ မျက်လုံး တွေ ထဲ မျက်ရည်ကြည် တွေ က ပြည့်နှက်နေဆဲ။

ဆေးရုံ သွား ဖို့ ပြင်ထား ပြီး ဖြစ်တာ မို့ အဝတ် လဲ စရာ တော့ မလို တော့။ ခရီးဆောင် အိတ် ကို ချ လိုက်ကာ အဝတ်များ ကို အိတ် ထဲ ပြီးစလွယ် ဆွဲ ထည့်လိုက်သည်။

တစ်ခါတစ်ရံတော့အချစ်သည်ထိုသို့ဖြင့် Where stories live. Discover now