Part 19

1.4K 33 1
                                    

တစ်ခါတစ်ရံတော့ အချစ်သည်ထိုသို့ဖြင့်
အပိုင်း (19)

"Couple ပန်းကန် လေး တွေ သွားကြည့် ရအောင် ဏီ"

"ဟုတ်...ကြည့်လေ"

မောင် နဲ့ ဏီ တို့ နှစ်ယောက် အခန်း ရှင်း ပြီး သည် နှင့် pro one ကို ရောက် နေကြခြင်း ဖြစ်သည်။သေးသေးမွှားမွှား တိုတိုထွှားထွှား လေး တွေ က အစ မောင် က စဥ်တူ couple set တွေချည်းဝယ် နေသည့် အတွက် ဏီ မှာ ပြုံး ၍ သာ ကြည့် နေမိသည်။

မောင် ဟာ ဆို ရင်လေ လူ နဲ့ မလိုက် အောင် နုနုယွယွ အင်မတန် ကြိုက်သူ ဖြစ် လေသည်။ ခုလည်း မိန်းကလေး ဖြစ်သည့် ဏီ စိတ်ကူးယဉ် ဖို့ ပင် အခွင့် မပေး၊ သူ က ချည်း ဒိုင်ခံ romantic ဆန် ချင် နေသည်။

ခု လည်း ကြည့်coffee ပန်းကန် က စလို့ သွားတိုက်တံ အဆုံး ပုံစံ တူ ပြီး အရောင်သာ ကွဲ(အရောက်ကွဲ ဆိုသည်မှာလည်း ဏီ အတွက် ပန်းရောင် သူ့ အတွက် အပြာ ) စသဖြင့် couple set တွေ ပတ်ဝယ် နေခြင်း ပင် ဖြစ်သည်။

အိုးခွက်ပန်းကန် တွေ ဝယ်ပြီး နောက် TV နဲ့ အဝတ်လျော်စက် ဝယ်သည်။air cooler နဲ့ refrigerator ဝယ်ပြီး နောက် sweeting home ဘက် လျှောက် လာကြသည်။

"ဏီ ကုတင် အသစ် လဲ ကြ မလား "

"ကုတင် တော့ မလဲ ပါ နဲ့ မောင် ရယ်၊ မွေ့ရာ ဘဲ ဝယ် ရအောင်ပါ"

"ကုတင် ဘာ အသစ်လဲ မယ်လေ ဏီ ကလည်း ၊ တောင့်တင်း ခိုင်မာ နေမှာ ဖြစ်မှာ၊ မောင့် အတွက် ကုတင် က အရေးကြီး တယ်..."

"သွား... ပေါက်ကရ နဲ့..."

ဏီ က သူ့ လက်မောင်း ကို ဖတ်ခနဲ လှမ်းရိုက်လိုက်ပြီး ရှက် ရယ် ရယ်လိုက်လျှင် သူ့ က အတင်း လိုက်စ သည်။

"ရော်... ဏီ ကလည်း ကြင်စဦး မောင်နှံ တွေ အတွက် ကုတင် က အရေး အပါ ဆုံး ပါဆို ..."

"တော်ပြီ ဆို...မောင်နော်..."

ဏီ က အရှက်သည်း ရကာ သူ ကို ထားခဲ့ပြီး ရှေ့က လျှောက်ဖို့ လုပ်သည်။သူကလည်း ပြုံးစစ နဲ့ ကိုင်ထားသည့် လက်ကို လုံးဝ လွှတ်မပေး သည့် အပြင် ဏီ ခါး လေး ကို ပါ ဖက် လိုက်သေးသည်။

"မောင် ဘယ်လို ဖြစ်နေတာ လဲ လူတွေ နဲ့ ကို.."

"ဘာဖြစ်လဲ ဏီ ရ ... ကိုယ့် မိန်းမ ကို ဖက်တာ ဘဲ"

တစ်ခါတစ်ရံတော့အချစ်သည်ထိုသို့ဖြင့် Where stories live. Discover now