Part 13

1.3K 30 1
                                    

အချစ်သည် တစ်ခါတစ်ရံတော့ ထိုသို့ဖြင့်
အပိုင်း (13)

"မောင်..."

အော် 6နာရီ လောက် သတိလစ် နေသည့် နှုတ်ခမ်း ဖူးဖူး လေး ဆီ က ပထမဆုံး ထွက်လာ တဲ့ စကား က မောင် တဲ့လား။

သျှားထက်ဟိန်း မုန်းတီးလှစွာ အံ့ကို သာ တင်း ဆင်း ကြိတ် လိုက်မိသည်။

"ဏီ..."

"မောင်...ဟင့်အင်...မသွား နဲ့...မသွား ရဘူး"

သူ ကို လက် ကို အတင်း ဖမ်းဆုပ် ကာ အိမ်မက် ယောင် နေ သူ လို အော်နေသည့် သူမ ရဲ့ အေးစက်စက် လက်ကလေး တွေ ကို ဘေး က ဖျစ်ညစ် ဆုပ်ကိုင်ပေး လိုက်သည်။

"ဏီ...ညီမလေး"

လူက မျက်လုံး တွေ ပွင့်မလာ သေး သည့်တိုင် ပါးစပ် က တော့ တစ်ခြား လူ တစ်ယောက် ကို တစ်ဆာ ဆာ တမ်းတ နေသည့် သူမလေး ကို ငေးကြည့်ရင်း ရင်ထဲ နာကျင် ခံပြင်း လာရသည်။

ဘာလို့လဲ ၊ တစ်သက်လုံး အရိပ် တကြည့်ကြည့် ကြည့် လာ ခဲ့ ရသူ က သူ မဟုတ်လား။
ဘာလို့ တစ်ခြား တစ်ယောက် ကို ကျ မှဒီလောက် လွယ်လွယ် ချစ် လိုက် နိုင်တာလဲ။

3နှစ်လောက် ပညာတော်သင် ထွက်သွား လိုက်သည့် အချိန်ခဏလေး အတော် အတွင်း မှာ သူမ လေး က အချစ် ကို တွေ့ရှိခဲ့ပြီးပြီ တဲ့။

နိမ့်ချည် မြင့်ချည် ဖြစ်လာ တဲ့ ရင်ဘက် ရယ်၊ အနည်းငယ် မြန်လာ တဲ့ အသက်ရှူသံ နဲ့ အတူ သူမကလေး မျက်လုံး တွေ ဖျက်ခနဲ ပွင့်လာကြတယ်။

"ဏီ...ညီမလေး"

"ကို...ကိုကို၊ ဏီ...ဏီ သူ့ကို တွေ့လိုက်တယ်၊ သူ...သူ အသက်ရှင်နေသေး တယ်"

"ဏီ ...ညီမလေး ၊ ဘာတွေ ပြော နေတာ လဲညီမလေး ရာ"

"ကိုကို... ကိုကို သူ့ကို မမြင်လိုက်ဖူးလား၊ ရာဇသွေး လေ သူ..သူ့ ကို ကိုကို မြင်လိုက်တယ်မလား ဟင်"

"ဏီ... ကိုကို စိတ်တို လာပြီ၊ ဏီ တောက်လျှောက် ကိုကို့ လက်ပေါ် မှာ ဘဲ ရှိခဲ့တာ၊ ကိုကို ကိုယ့် ကြည့်ပြီး ရုတ်တရက် မောင် လို့ ခေါ်ပြီး ဏီ သတိလစ်သွား တာ၊ ဏီ အားနည်း နေလို့၊ ကိုယ့်ကိုကိုယ် တစ်ခုပြီး တစ်ခု စိတ်ဒဏ်ရာ ပေးနေလို့ ခုလို ထင်ယောင်ထင်မှား တွေ ဖြစ်ကုန်တာ "

တစ်ခါတစ်ရံတော့အချစ်သည်ထိုသို့ဖြင့် Where stories live. Discover now