Part 17

1.3K 31 1
                                    

တစ်ခါတစ်ရံတော့အချစ်သည်ထိုသို့ဖြင့်
အပိုင်း (17)

ဒဏ်ရာ တွေ နဲ့ မောင့် မျက်နှာ ချော ချော ကို ဏီ မှာ မထိရက် မကိုင်ရက် စွာ ငေးကြည့်လျက် ပြင်းထန်စွာ ငိုချင်လာ မိသည်။မောင့် ပုံစံ ကို ဏီ မမြင်ရက်ပါ။ ဖူးယောင် ညိုမဲ စွဲ နေသည့် မောင့် ပုံစံ ကလေး မှာ ဏီ အသည်း ကို တစ်စုံတစ်ရာ က ဖျစ်ညစ် ထား သကဲ့ သို့ နာကျင် ရလေသည်။

မောင့် ကို သနား ရလွန်းသည့် စိတ်မှာ ဏီ နှလုံးအိမ် ကို တရစပ် ထိုးနှက် လေ ရာ နှလုံးသား တစ်ခုလုံး စို့နစ် အောင့်မျက် ရလေသည်။

တွေ့စ က ဒေါသ ရောင်သင့် နေ သော မောင့် မျက်လုံး အကြည့် များ မှာ ဏီ ရဲ့ ညိုးငယ်သော မျက်နှာ ကြောင့် အနည်းငယ် ပြေ သွား ကာ သက်ပြင်း တစ်ချက် ချ လိုက်ပြီး ဏီ ကို ပြန်ငေး ကြည့် နေသည်။

"ဘယ်လိုများ...ဒီလောက်ထိ..."

ဏီ အတုန်တုန် အလှုပ်လှုပ် အမေး ကို မောင် က ကိုကို ဆီ စူးစူးရဲရဲ ကြည့်ကာ မေး တစ်ချက် ဆတ် ပြ လာသည်။

"မင်း အကို ကို ပြန်မေး ကြည့်..."

ဏီ ဝမ်းနည်း ထိတ်လန့် စွာ ကိုကို ကိုယ့် တလှည့် မောင့် ကို တလှည့် ကြည့် နေမိသည်။

"ဟေ့ကောင်...မင်း ငါ့ကို မစွပ်စွဲ နဲ့"

ကိုကို့ အသံ က အနည်းငယ် တုန်ခါ နေသည်။ဟုတ်တယ်၊ ကိုကို မဖြစ်နိုင်ဘူး။ ဘယ်လို များ ကိုကို က ... ဒီလောက် အမြဲ တစေ ပြုံး နေတက်တဲ့ ကိုကိုက.... မောင် မှား နေတာ၊ မောင် တစ်ခုခု ...ဟုတ်တယ် မောင် တစ်ခုခု မှား နေတာ။

မောင် က ခပ်မဲ့မဲ့ ပြုံး လိုက်တယ်။ မထိတရိ အပြုံး။

"သျှားထက်ဟိန်း ကျွန်တော် ခင်ဗျား ကို ယောကျ်ား အစစ် လို ထင်ထားတာ၊ လက်စသတ်တော့ ခင်ဗျား က မိန်းမလို မိန်းမရ ကိုးဗျ၊ လုပ်ရပ် ကော စိတ်ဓာတ် ပါ တကယ့် အောက်တန်းစား"

ကိုကို က ဒေါသတကြီး မောင့်ကို စားတော့ ဝါးတော့ မတက် ကြည့် လေသည်။

"ကဲ... ထားဘရဏီထက် ကျွန်တော် ဘာ မှ မပြော ချင်တော့ဘူး၊ ကျွန်တော် လာတာ မင်း ကို ခေါ် ဖို့၊ မင်း ကျွန်တော့် ကို ယုံ ရင် အခု ဘဲ တစ်ခါတည်း လိုက်ခဲ့ ... မဟုတ်ဘူး မင်း အကို ကို ယုံတယ် ဆို ရင် မင်း နဲ့ ကျွန်တော့် ကြား နောက်ထပ် ဘယ်လို ပတ်သပ်မှု မှ ထပ်ရှိ မှာ မဟုတ် တော့ဘူး "

တစ်ခါတစ်ရံတော့အချစ်သည်ထိုသို့ဖြင့် Where stories live. Discover now