Part 14

1.3K 32 1
                                    

တစ်ခါတစ်ရံတော့အချစ်သည်ထိုသို့ဖြင့်
အပိုင်း (14)

သူ နောက် က ပြေးလိုက်လာ တာ ကို သိလိုက်သော်လည်း ဏီ တစ်တွက် တော့ လှည့်စား ခံရတာ သစ္စာ ဖောက်ခံ ရ တာ မျိုး က ဂျူလီယာမင်း နဲ့ တုန်း ကလည်း ခံထား ရဖူး သူ ဖြစ် နေလေရာ ခဲမှန်ဖူး တဲ့ စာသူငယ်လို နာပြီးရင် နာ ရသည်မို့ ဒဏ်ရာ ပေါ် ဒဏ်ရာ ဆင့်ကာ ထိရှ မှု ပြင်း ခဲ့ ရလေသည်။

ဏီ က အောက် ရောက် သည် နှင့် company ပေါ်တီကို အောက်က ပြေးထွက် လာ ကာ taxi တား ဖို့ ကား လမ်း မ ပေါ် ပြေး အထွက် သူ့တို့ company ဆီ ကွေ့ဝင်လာ သည်ကား တစ်စီး က အရှိန် နဲ့ ချိုး အကွေ့ အလာ ....

"ကျွီး"

"ဟာ... သေပြီ"

"အမလေး... "

ကား ဘရိတ် အုပ်သံ အကျယ်ကြီး နဲ့ အတူ  ဘေး က လမ်းသွား လမ်းလာ တွေ အော်သံ တွေ ကြား ရပြီး နောက် ဏီ မျက်လုံး များ ကို စုံ မှိတ် ထား လိုက် ပြီး စိတ် ကို လျော့ချ လိုက်တော့သည်။

ရင်ဘက် နှစ်ခု ရဲ့ နိမ့်ချည် မြင့်ချည် ထိခပ်မှု နဲ့ အတူ ဏီ ကို တစ်စုံတစ်ရာ က တင်းကျပ်စွာ ဖက် ကာ ဘေး လွတ် ရာ ကို ဆွဲချ လိုက် ပြီး ခပ်တင်းတင်း ဖက်ထားလိုက် လေသည်။

ဏီ မျက်လုံး များ ကို ဖွင့်ကြည့်သည့်အခါ ထိုလူ မှာ မောင် ဖြစ်လို့ နေ သည်။ဏီ မှာတော့ တောက်လျှောက် ဆေးကုသ ခံနေရသည့် အရှိန် ဖြင့် လူက အား နည်း နေလေရာ ရင်တွေ တလှပ်လှပ် တုန်ကာ ဒူတွေ တောင် မခိုင်ချင်တော့ ဘဲ ခွေလဲ ချင်လာသည်။

မောင် က တရှူးရှူးတရှဲရှဲ ဒေါသ တွေ ထွက်နေကာ ဏီ ကို ဖက်ထား ရာ မှ ခွါလိုက်ပြီး ....

"ဘယ်မှ မသွား နဲ့ ၊ဒီမှာ ဘဲ ကျွန်တော့် ကို စောင့် နေ"

ဟု ဆိုကာ ကားသမားဆီ ဒေါသ တကြီး လျှောက်သွား သည်။ထို့နောက် ကား မှန် ကို လက်တစ်ဖက် ဖက် အားပြင်းပြင်း ထု သည်။ကား သမား က မောင့် ပုံစံ ကြောင့် ပြသာနာ ဖြစ်မယ် ဆိုးကာ မှန်မချ။lock တွေ ပါ ချ ကာ အထဲ က ထွက် မလာ ။

မောင်က မှန်မချ လေ ဒေါသ ထွက် လာ လေ ဖြစ်ပုံ ရကာ တဒုံးဒုံး ထုပြီး တံခါး ကို ဆွဲ ဖွင့် သည်။ မရသည့် အခါ ပို ဒေါသ ထွက်လာ ပုံ ရကာ ထို ကား မှန်ပြတင်း ကို မထု တော့ ဘဲ လက်သီး ဖြင့် လေး၊ငါး၊ ခြောက်ချက် ထိုးကာ ခွဲ ချ လိုက် လေ သည်။

တစ်ခါတစ်ရံတော့အချစ်သည်ထိုသို့ဖြင့် Where stories live. Discover now