Part 24

1.1K 30 2
                                    

တစ်ခါတစ်ရံ တော့ အချစ်သည် ထိုသို့ဖြင့်
အပိုင်း (24)

ဘာလုပ်လို့ လုပ်ရ မှန်း မသိ ဘဲ ရှုပ်ထွေး နောက်ကျိ နေ သည့် စိတ် များ မှာ နောက်ဆုံး အရက်ဆိုင် မှာ သာ လမ်း ဆုံး သည်။ အမေ့ ကို လည်း မျက်နှာ မလွဲ နိုင်သလို၊ ဏီ ကို စွန့်လွှတ်နိုင်လား ဆိုတော့လဲ မစွန့်လွှတ်နိုင်။

အခု မှ သူ့ အဖြစ်က ဆုပ်လည်း စူး ၊ စားလည်း ရူး ဆို သလို ဖြစ် နေ ချေ ပြီ။

အမေ နဲ့ မိန်းမ ကြား ဘာ ကို ရွေးရွေး မှန်ကန်မှု ဆိုတာ ရှိမည်မထင်။ဘယ်လို ဘဲ ဆိုဆိုတစ်ဖက် ကို ပါ ရင် တစ်ဖက် ကို နာကျင် စေ မိတော့မည်။

တကယ် ဆို ဏီ အမေ့ ကို တွန်းချ တယ် ဆို တဲ့ စကား ကို သူ အနေ နဲ့ ဘယ်လို မှ လက်မခံ နိုင်ပါ။ သူသိ ထား တဲ့ ဏီ ဆို တာ အင်မတန် ဖြူစင်လွန်း သည့် မိန်းကလေး။ သို့ ဆိုစေကာမူ မိခင် ဖြစ်သူ ပြောလာ သည့် စကား ကိုလည်း သူ ဘယ်လို အင်အား နဲ့ ငြင်း ပယ် ရ မည် ကို တော့
မသိ။

စိတ်ညစ်ညစ် နဲ့ သောက် နေ သည့် အရက် များ မှာ လည်ချောင်း မှ တဆင့် ပူလောင် ခါး သက် စွာ စီးဆင်း သွား သည်။ လူ က စိတ်ညစ် လွန်း ရကာ ထူပူ လျက် ငိုချင်နေသည်။

ဏီ နဲ့ ကလည်း မဖြစ်စဖူး ပြသာနာ တွေ ဖြစ်ခဲ့ ရပြီ။ မဖြစ် သင့်ဘူးဟု ထိန်းချုပ်ထား သည့် ကြား က တင်း မာ တဲ့ လေသံတွေ၊ အပြော တွေ ၊ ပုံပန်းသဏ္ဍာန် တွေ နဲ့ ချစ်ရ တဲ့ သူ ကို ကြမ်းတမ်း မိ ခဲ့ သည်။

စကား တောင်လေသံ မာမာ မပြောဖူး တာ မို့ တကယ့် တကယ်တမ်း ပြသာနာတွေ ဖြစ်ကြတော့ ဏီ ကို ထိုသို့ ဆက်ဆံ မိလိုက်ခြင်း ကို တွေးမိတိုင်း သူ့ရင် ထဲ နင့် နေအောင် နာ ရလေသည်။

တကယ် ဆို သူ ဘာ လုပ်လို့ လုပ် ရ မည် ကို ခုထိ လည်း စဥ်းစား လို့ မရ ခဲ့ ပါ။
စိတ်ညစ်ညစ် နဲ့ အရက် သောက် နေ ရင်း မှ ဘယ် ဆီ ကမှန်း မသိ စကားသံ အချို့ နားထဲ ပျံလွှင့်လာသည်။

----ဏီ ကို ဘယ်လို ချစ်ခဲ့တယ်၊ ဘယ်လောက်ထိ ချစ်ခဲ့ တယ်----

----နောက် အချိန်ကြာ လာ တဲ့ အခါ ကျ တော့ အချစ်တွေ ကို မေ့ပြီး အပြစ် တွေ ကို ဘဲမြင် လာ ကြတယ်၊ အဲဒါကြောင့် ရန်တွေ ဖြစ်ကြ၊ စိတ်တွေ ဆိုးကြ ကွဲကြ၊ ကွာကြ ဖြစ်တာ ပေါ့ ဏီ ရဲ့....

တစ်ခါတစ်ရံတော့အချစ်သည်ထိုသို့ဖြင့် Where stories live. Discover now