Part 26

1.2K 30 2
                                    

တစ်ခါတစ်ရံတော့အချစ်သည်ထိုသို့ဖြင့်
အပိုင်း (26)

စီးကျ နေသော ဓာတ်ဆီ များက လောင်စာ အဖြစ် ပန့်ပိုးနေသည့် အရှိန် ကြောင့် ကား တစ်စီး လုံး ကို လောင်မြိုက်နေသည့် မီးတောက်ကြီး မှာ အားပြင်း လှ စွာ ဟုန်းဟုန်း တောက် နေ ခဲ့လေသည်။

သူက ထိုကားထဲ ဏီ ရှိနေသည် ဟူသော အသိ ဖြင့် အရူး တစ်ယောက် လို ပြေးဝင်သွားဖို့ လုပ်နေတာ ကြောင့် လူအုပ်မှာ သူ့ကို ဖမ်းထိန်း ကာ ဆွဲ ထား ရလေသည်။

"ဏီ! !"

...........

"မဟုတ် ဘူး နော်"

..........

"မဟုတ်ဘူး ၊ မင်း မောင့် ကို အဲလို ထားခဲ့ လို့ မရ ဘူးဏီ "

...........

"ပြန်လာ ခဲ့ ပါကွာ.... အားးးး ဏီရာ"

...........

သူ က ကွန်ကရက် လမ်းမ ပေါ် လေးဘက်ထောက် အနေအထား နဲ့ ရှိနေပြီး အတင် ကုန်းထ ကာ ဏီ ရှီရာ ပြေးဖို့ အားကုန် ကြိုးစား နေသည်မို့ လူအုပ်ကြီး က အပေါ်က နေ အတင်း ဝိုင်း ချုပ်နှောင် ခံ ထား ရ လေရာ ထ လည်း မပြေး နိုင်ဘဲ မခံမရပ်နိုင်စွာ ကွန်ကရက် ပြင်ကို လက်သီး ဖြင့် မရေမတွက်နိုင်အောင် ထိုး လက် အရူးတယောက် လို ဏီ ကို တ,ကာ ရှိုက်ကြီးတငင် ငို နေမိလေသည်။

သူ့ အနေ နဲ့ ဘယ်လို မှ ဖြေမဆည် နိုင် ဘဲ ယူကြုံးမရ ဖြစ် ရလေသည်။ဏီ ကို ဆုံးရှုံး ရ ရင် ဆို တဲ့ အတွေး နဲ့ တင် သွေးပျက် နေရ သည် သူ့မှာ အခု တော့ မျက်စိရှေ့ မှာ ပင် ဆုံးရှုံး လိုက်ရ ခြင်း အပေါ် ဘယ်လို တရား နဲ့ များ ဖြေဆည် နိုင်ပါအံ့။

ထို ဟုန်းဟုန်း တောက်လောင် နေသည့် မီး တောက် မီးလျှံ ကြီး မှာ သူ့ နှလုံး သား ကို ပါ လောင်မြိုက် ခဲ့ ချေပြီ။

"ဏီရာ... မောင် ကို တချက် လောက် ဖြေပေး လှည့်ပါ အုံးကွာ ၊ မောင်... မောင်  ဘယ်လို ဖြေ ရ မလဲ ကွာ"

"မောင်...ဘယ်လို နေ ရ မလဲ...မင်း မရှိဘဲ...မင်း မရှိဘဲ မောင် ဘယ် လို နေရ မလဲ ကွာ"

"ဏီ...ဏီရေ...မောင့် ဆီ ပြန်လာ ခဲ့ပါကွာ၊ အိမ်မက်လို ပြောပေး စမ်း ပါ...ဏီရာ "

တစ်ခါတစ်ရံတော့အချစ်သည်ထိုသို့ဖြင့် Where stories live. Discover now