Part 6

2K 44 2
                                    

တစ်ခါတစ်ရံတော့ အချစ်သည် ထိုသို့ဖြင့်
အပိုင်း (6)

ဏီ ဟာ ဦး ထက်ကောင်းကင် ရဲ့ သမီး မှန်း သိ သွားပြီး တဲ့ နောက် မောင် တစ်ယောက် စိတ်ပျက် အားလျော့ စွာ မျက်နှာ ပင် သိသိသာသာ ပျက်ယွင်းသွားတယ်။

စောန ကလို ဏီ ကို ဖက်ထားပြီး ယုံကြည်ချက် ရှိရှိ ဇွတ် လက်ထပ်ခွင့် တောင်း နေတဲ့ ယောကျ်ား မဟုတ်တော့သလို ခေါင်းငိုက်စိုက်ချ ပြီး ငြိမ်သက် သွား တဲ့ မောင့် ကို မြင်ရ ပြန်တော့ ဏီ ရင်ထဲ သူ့ အတွက် စိတ်ထိခိုက်စွာ ဝမ်းနည်း လာရတယ်။

"မောင်..."

တိုးလျလျ ဏီ ခေါ်သံ အောက်မှာ ဖြည်းညှင်းစွာ မော့ကြည့်လာ တဲ့ မောင့် အကြည့်တွေ က ထိုင်းမှိုင်းနေတယ်။

လီလီ ပန်းပွင့် လေး လို ရှင်းသန့် နုဖတ် နေတဲ့ ချစ်ရ တဲ့ မိန်းကလေး ကို ငေးကြည့် ရင်းက သူ အားငယ် ဝမ်းနည်းလာတယ်။ဘဝ မှာ တစ်ခါ မှ ထိုမျှလောက်ထိ စိတ်ဓာတ် မကျ ဖူးခဲ့။ သူ ဟာ ယောကျ်ား တစ်ယောက်မို့ လိုချင်ရင် ရအောင်ယူ နိုင်ရ မှာ ဘဲ လို့ တွေးခဲ့ သမျှ ချစ်ရတဲ့ ကောင်းကင် က လမင်း လေး ကို ဘယ်လို စိတ်ရိုင်း နဲ့ သူ့ဆီ သက်ဆင်း ဖို့ တောင်းဆို ရမလဲ။

"ဏီ တို့ အတွက် ထွက်ပေါက် တစ်ခု တော့ ရှိမှာ ပါ"

ချစ်ရသူ ရဲ့ အားပေး စကား ဟာ နားထဲ ကို ခပ်လေးလေး ဝင်ရောက်လာတယ်။သူ ဘာ ဆက် လုပ် ရမည်ကို ပင် မစဥ်းစား နိုင်ပါ၊ သူ တွေးခဲ့ သမျှ ထဲ မှာ ချစ်ရသူ နဲ့ နှစ်ကိုယ် တူ ဘဝ တစ်ခု တည်ဆောက်မည်၊ ဏီ ကို မတောင့် မတ မကြောင့်မကျ သူ့ ခွန် သူ့အား နဲ့ လောက အလည် မျက်နှာ မငယ် ရအောင်ထားမည်။

သူ အတွေး တွေ ထဲ ခမ်းနား ထည်ဝါ မှု တွေ မပါ၊ ဂုဏ် အရှိန်အဝါ ရဲ့ လွှမ်းမိုး မှု တွေ သူ နဲ့ သူမ ကြား စိုးစဥ် မျှ မပါ ၊ အခုတော့ သူမ ဟာ သူ ခူး လို့ မမှီ တဲ့ ပန်း တစ်ပွင့် ဖြစ် နေ ခဲ့ သည်တဲ့။

သူ က ဘယ်သူ ဖြစ်လို့ ကိုယ် က ဘာ ဆို တာ မျိုး တွေး မထား ခဲ့ သမျှ ဟာ ဦးထက်ကောင်းကင် ဆိုတဲ့ မဟာ တံတိုင်း ကြီး က ကြားဝင်လာခဲ့ပြီ။စိမ့်စန်း လုပ်ငန်းစု ဆိုတာ ထက် group နဲ့ ယှဥ် ရင် ပမွှား လေး ၊ ထိုထက်ပိုသည် မှာ ထို ပမွှား လေး ကပင် သူ့ ပိုင်ဆိုင်မှု မဟုတ်။

တစ်ခါတစ်ရံတော့အချစ်သည်ထိုသို့ဖြင့် Where stories live. Discover now