Part 20

1.4K 27 7
                                    

တစ်ခါတစ်ရံတော့အချစ်သည်ထိုသို့ဖြင့်
အပိုင်း (20)

ဏီ ကို သူတို့ ဘက်က ဝမ်းကွဲ အကို က တွေ့ဖို့ ခေါ် တာ ကြောင့် သူ့ မှာ ယောင်လည်လည် နဲ့ လိုက်လာ ရသည်။

ဏီ ပြော ပုံ အရ တော့ ထို လူ မှာ ယခင် က htet trading ရဲ့ CEO ဖြစ် ပုံ ရကာ အခုတော့ အကြီးဆုံး ရှယ်ယာ ရှင် အဖြစ် သာ ရှိနေလျက် ဦးလေး တော်စပ်သူ ဦးထက်ကောင်းကင် ကို CEO နေရာ လွှဲ အပ် ကာ သူ့ အမျိုးသမီး နဲ့ အတူ အေးဆေးသာ နေ တော့သည် ဟု ဆိုသည်။

ဦးထက်ကောင်းကင် ရဲ့ CEO နေရာ ကတောင် သူ ပေးလို့ ရခဲ့သည်ပုံ ထောက်လျှင် ဏီ တို့ ဝမ်းကွဲ အကို ဆိုသူ၏ အရေးပါ မှု မှာ သူတို့ မိသားစု အပေါ် အတော်ကြီးသည့် ပုံ ပေါ်လေသည်။

အခု ထိုသူ က သျှားထက်ဟိန်း ကို ရော ဏီ ကို ရော လာခဲ့ ဖို့ ခေါ်တာ ကြောင့် သူရော ဏီ နဲ့ အတူ ပါ လာ ရလေသည်။

အင်လျားလမ်း ပေါ် ရှိ ထိုသူတို့ နေထိုင်ရာ အိမ်ကြီး မှာ ဏီ တို့အိမ်ထက်ပင် အနည်းငယ် ကြီးကျယ်ကာ အတော်လေး ခမ်းနား လျက် ရှိလေသည်။

ခြံတံခါး ဖွင့် လျှင် ဖွင့်ခြင်း အိမ်ဆီ တန်းရောက် တာ မျိုး မဟုတ်ဘူး ခြံ ထဲ မှာ 5မိနစ်ခန့် ကား ပတ်မောင်းမှသာ သားနား လွန်းလှသော အိမ်ကြီး ကို မြင် လိုက်ရလေသည်။

အနည်းငယ် စိတ်လှုပ်ရှား ကာ စိုးထိတ် နေသည့် သူ့ကို ဏီ က အားပေး သည့်ပုံ ဖြင့် လက်များ ကို ဖြစ်ညှပ် ဆုတ်ကိုင်ပေး လေသည်။

အတွင်းရေးမှူး ဖြစ်ဟန် တူသူ အမျိုးသား တစ်ယောက် ရောက်လာ ကာ ခြံ ထဲ ရှိ စမ်းချောင်း တု လေး လို့ လုပ်ထားသည့် အလှမွေး ငါးကန် ပေါ် တွင် ဆောက်လုပ်ထား သည့် အဖြူရောင် ဘန်ဂလို လေး ရှိရာ ခေါ်သွား ပေးသည်။

"မမလေး တို့ ဒီက စောင့် ပေး ဖို့ မနှင်း က ပြောလိုက်ပါတယ်"

ဏီ က ခေါင်း တစ်ချက် ဆတ် ပြ လိုက် လျှင် ထိုသူ က ရိုကျိုးစွာ ပြန် ထွက်သွား လေ သည်။

အရိပ်ရ ပင်ကြီး များ ၊ အုန်းပင်ပု များဖြင့် အေးမြ နေ သော ခြံ ဝင်းကျယ် ကြီး နဲ့ အနောက်တိုင်း စတိုင် အိမ် ကြီး ကို ငေး ကြည့် ရင်း က သူ့ မှာ သိမ်ငယ် လာ သလို ခံစား လာ ရလေသည်။

တစ်ခါတစ်ရံတော့အချစ်သည်ထိုသို့ဖြင့် Where stories live. Discover now