End

2.8K 54 2
                                    

အချစ်သည်တစ်ခါတစ်ရံတော့ထိုသို့ဖြင့်
The end

မောင်သျှားထက်ဟိန်း
အသက် 32 နှစ်
(7.6.2024)

ကိုကို ဓာတ်ပုံ လေး ထား ရှိတဲ့ အုတ်ဂူ ဖြူ ကလေး ပေါ် ဂန္ဓာမာ ပန်း ဖြူ လေး တစ်ပွင့် ကို ချ ပေး လိုက် တဲ့ နောက် ဏီ မျက်လုံး ထက် က မျက်ရည် ပေါက် များ လိမ့်ဆင်း ကြွေကျ သွား ပါတယ်။

မောင် က နား လည် စွာ ပုခုံး ကို သိုင်း ဖက် ပြီး နှစ်သိမ့် ပေး ခဲ့ တယ်။

"သွား ပေး အုံး တော့ ကိုကို ရယ်၊ ဏီ လည်း အားလုံး ခွင့်လွှတ်ပါတယ်၊ ကိုကို လည်း ဏီ ကို ခွင့်လွှတ် ပါ နော်"

တိုးညှင်း တဲ့ ဏီ စကားသံ အဆုံး မှာ သီးသန့် လှဲ လှောင်း နေ တဲ့ ကိုကို အုတ်ဂူ လေး ရှိရာ သစ်ပင် ကြီး ဆီ က သစ်ရွက် ကလေး တွေ က လေ မတိုက် ဘဲ တပင်လုံး လိုလို တဖြုတ်ဖြုတ် ကြွေ ကျ လာ ပါတယ်။ တစ်ချို့ ရွက်ဝါ ကလေး တွေ က ဏီ ပုခုံး ပေါ် လာ ရောက် ညပ်ငြိ လို့ လာတယ်။

လေပြေ နု ကလေး ဟာ ဏီ ပါးပြင် ကလေး ကို ပွတ်ကာ သီကာ တိုက်ခိုက် လို့ လာ လျှင် ဏီ ရင်ဘက် တစ်ခုလုံး ငြိမ့်ငြိမ့် ကလေး ခံစား လိုက်ရတယ်။

ကိုကို ကြား တယ် ထင်ပါတယ်။
ကြားပါစေ ကိုကို ရယ်။
လူတိုင်း ဟာ ချစ်ခြင်း တွေ ထပ်တူ မကျ တက်ပေမဲ့ ၊ အချစ် ကတော့ တူ ညီ ကြတာ ပါဘဲ။
တုံ့ပြန်ခံ ရတာ နဲ့၊ တုံ့ပြန် ခြင်း မခံ ရတာ ဘဲ ကွာ သွား ကြတာပါ။

ဏီ ကိုကို့ အချစ် ကို လင်မခံ နိုင်ခဲ့ ပေမဲ့ အသိအမှတ်ပြု ပါတယ် ကိုကို ရယ်။

ချစ်ပေး ခဲ့ လို့ ကျေးဇူး တင်ပါတယ်။

နောက်ထပ် နောက်ထက် ဘဝ တွေ မှာ ကိုကို က ချစ်တဲ့၊ ကိုကို့ ကိုယ် ချစ်တဲ့ သူ နဲ့ တွေ့ဆုံ ခွင့် ရပါစေ ကိုကိုရယ်။

မျက်လုံး လေး တွေ မှိတ်ပြီး ကိုကို့ အတွက် ဆုတောင်း ပေး နေတဲ့ ဏီ ကို မောင်က ဘေး ကနေ တိတ်တိတ်လေး စောင့် နေပေး ပါတယ်။

ဆုတောင်းလို့ ပြီး သွား တဲ့ ဏီ ကတော့ မောင့် ကို ပြုံးပြုံး လေး ကြည့်လိုက် ရင် လက်တစ်ဖက် ကို ခပ်တင်းတင်း ဆုပ်ကိုင် လိုက်ပါတယ်။

တစ်ခါတစ်ရံတော့အချစ်သည်ထိုသို့ဖြင့် Where stories live. Discover now