Part 9

1.5K 26 1
                                    

တစ်ခါတစ်ရံတော့အချစ်သည်ထိုသို့ဖြင့်
အပိုင်း (9)

အဆင်မပြေ ဘူး ဆို တဲ့ ကိစ္စတော်တော် များများ မှာ မှတ်ညဏ် တွေ ပျောက်ဆုံးသည့် ကိစ္စ ကဲ့သို့ ဆိုးရွား လွန်းသော ကိစ္စ ရှိလိမ့်မည် မဟုတ် ဟု သူ့အနေဖြင့် ထင်မိလေသည်။

ဘာဆို ဘာမှ တွေး လို့ မရ ဘဲ တစ်ခုခု ကို မှတ်မိအောင် စဥ်းစား ဖို့ ကြိုးစားတိုင်း ဦးခေါင်း တစ်ခုလုံး ထိုးကိုက်လာသည့် ကိစ္စမှာ အတော်လေး ဂွတိဂွကျ နိုင် သည့် ကိစ္စ ပင်။ အရာအားလုံး က သူ့ အတွက် စိမ်းသက်နေပြီး ခု မှ မိသားစု တစ်ခုထဲ အသစ်ရောက်လာ တဲ့ လူ တစ်ယောက်လို သူ့ စိတ်ထဲ မှာ ခံစား နေရ လေသည်။

ဘယ်သူ့ ကို ယုံ ပြီး ဘာ လုပ်ရမှန်း မသိ ဖြစ်နေ တဲ့ အချိန်မှာ ဘဲ သူ့ အမေ ဆိုသူ ရောက်ရှိလာခဲ့သည်။နွေးထွေး သည့် ဒေါ်မြတ်နုသွေး ဆိုသည့် အမျိုးသမီး၏ မျက်လုံး များ ကို ကြည့်ရင်း က ထိုအမျိုးသမီး အပေါ် စိတ်ချ လက်ချ ဖြင့်ယုံကြည် ခဲ့သည်။ဒီလိုနဲ့ သူ နေထိုင်ရှင်သန်ခဲ့တဲ့ မိသားစု တစ်ခု က သူ့ဆီ ရောက်လာခဲ့ပါတယ်။

သူ့ မိခင် ဆိုသူ အမျိုးသမီး ရဲ့ ပြောပြချက်အရ သိ လာ ရတဲ့ ကိစ္စ တွေထဲ အရေးကြီး သည့် အချက်များမှာ သူ့ နာမည် က ရာဇသွေး၊ အသက် က 27 နှစ်၊ စီးပွါး ရေး ဆိုင်ရာ ဘွဲ့ တစ်ခု ရရှိထားပြီး လူငယ် စီးပွါးရေး လုပ်ငန်းရှင် တစ်ယောက် ဖြစ် လေရာ ထူးခြား သည့် အချက် ရယ်လို့ သိပ်မရှိ။

သူ့ ဘဝ ဖြတ်သန်း မှု ပုံစံ မှာ သူ ထင်မှတ်မထား လောက်အောင် အေးအေးဆေးဆေး ပင်။

သူနဲ့ သူ့အမေ မှာ ဒေါ်စိမ့်စန်းယဥ် ဆိုသော အမျိုးသမီး သူ့အခေါ် မာမီကြီး ရဲ့ ကြည့်ရှု့စောက်ရှောက်မှု အောက်မှာ အစစအရာရာ အဆင်ပြေသည်ထက် ပိုကာ အဆင့်မြင့် စွာ နေထိုင် လုပ်ကိုင်စားသောက်နိုင်ခဲ့သည်ဟု ဆိုသည်။

ထို့အတွက် သူနဲ့ သူ့အမေက မာမီကြီး နှင့် သူ့ သမီး စိမ့်ဟန်နီ တို့ အပေါ် ကျေးဇူးရှင် သဖွယ် တလေးတစား ပြန်လည်ဆက်ဆံ ခဲ့ပြီး လိုအပ် ပါက ထို ကျေးဇူး တရား များ ကို တုံ့ပြန် ပေးစပ် ရန် အဆင်သင့် ဖြစ် နေ သည် ဟု ဆိုသည်။

တစ်ခါတစ်ရံတော့အချစ်သည်ထိုသို့ဖြင့် Where stories live. Discover now