Part 10

1.5K 26 1
                                    

တစ်ခါတစ်ရံတော့ အချစ်သည်ထိုသို့ဖြင့်
အပိုင်း (10)

သူ ရဲ့ နားထဲ သို့ ချိုသာ ငြိမ့်ညောင်း သည့် တယောသံ သဲ့သဲ့ ဝင်ရောက် လာ သည်နှင့် သူ နှစ်ခြိုက်စွာ အိပ်စက် နေရာ မှ နိုး လို့သွား သည်။
သျားထက်ဟိန်း တစ်ယောက် အိပ်ရာ ထက် မှ အနည်းငယ် ပျင်းကျော ဆွဲ ပြီး နောက် ထလိုက်သည်။

သူ့ အခန်း မှန် ချပ် ကြီး မှတဆင့် ခန်းဆီး လိုက်ကာ ကို ဆွဲဖယ်လိုက်သည် နှင့် မြင် နေ ရသည့် မြင်ကွင်း ကို မျက်စိ အေး စွာ ရင်သက်ရှုမော ဖွယ်ငေး မော ကြည့်နေမိသည်။

အဖြူရောင် ပါးလျလျ ဂါဝန် ကလေး နှင့် ခြံထဲ ရှိ မျိုးစုံ သော ပန်းပင်များကြား သက်တောင့်သက်သာ ထိုင်ကာ အင်မတန် ဆွေးလျ သည့် တေးသွား တပုဒ် ကို တီးခတ် နေသည့် ညီမ လေး တစ်ဖြစ်လည်း မြတ်နိုး စွာ ချစ်ရပါသော မိန်းကလေး ကို အတန်ကြာ လက်ပိုက် ငေးမော နေမိသည်။

အေးတိအေးစက် နဲ့ ခံစားချက် ဗလာ ဖြစ်နေသည့် ဖအေ မတူ၊ မအေ မတူ ညီမလေး ကို သျားထက်ဟိန်း တစ်ယောက် မေတ္တာ ရှိ နေ သည်မှာ ငယ်ရွယ်စဥ် ကလေး ဘဝ ထဲ က ဖြစ်သည်။

သူ ပြင်သစ် ကို ပညာတော်သင် သွား နေစဥ်ကြုံတွေ့ ခဲ့ရသမျှ သော အဖြစ်ဆိုး များ ကြောင့် ဒဏ်ရာ ရ နာကျင် နေ သည့် ဒီ မိန်းကလေး ကို ဆွတ်ယူ လို သော်လည်း လောလော ဆယ် သူ့ ဒဏ်ရာ နဲ့ သူ အကင်းသေအောင် လွှတ် ထား ဖို့ သာ ရှိ နေသည် မို့ သူ့မှာ တိတ်တိတ်လေး သာ ငေး ကြည့် နေ ရသည်။

(6)လ , 6လ ဆို တဲ့ အချိန်ဟာ သိပ်ချစ် တက်တဲ့ လူ တွေ အတွက် ဆိုလျှင်တော့ နှလုံးသား ဟာ အကင်းသေ ဖို့ လွယ်မည် မထင်။

သူ က အတွေး ကို ရပ် ၊ မျက်နှာသစ် ရေချိုး လိုက်ကာ အောက်ထပ်သို့ ဆင်း လာခဲ့လိုက်သည်။သူ dinning room ထဲ ရောက်သည်နှင့် ဏီ ကို အခေါ် လွှတ် လိုက်ပြီး ခဏ စောင့် နေလိုက်သည်။ခဏ ကြာတော့ ဏီ ရောက်လာ သည်။

"Morning ဏီ၊ ကိုကို နဲ့ အတူ breakfast စားဖို့ ခေါ်လိုက်တာ "

ဏီ က ခေါင်း တစ်ချက်သာ ညိတ်ပြသည်။ ဒီ ကောင်မလေး သည် လီလီ ပန်း ကလေး နှင့် အလွန်အလားသဏ္ဍာန် တူ စွာ ဖြူလွ ယဥ် သွယ် သူ ကလေး ဖြစ်သည်။ဏီ ခန္ဓာကိုယ် အချိုး အစား ကလေး မှ သွယ်သွယ်လျလျ ရှိလှကာ အင်မတန် နွဲ့နွဲ့နှောင်းနှောင်း ကလေး ဖြစ်သည်။

တစ်ခါတစ်ရံတော့အချစ်သည်ထိုသို့ဖြင့် Where stories live. Discover now