Part 27

1.3K 26 0
                                    

တစ်ခါတစ်ရံတော့အချစ်သည်ထိုသို့ဖြင့်
အပိုင်း (27)

အသံတိတ် စီးကျ နေသော မျက်ရည်များ ...
ငို ရလွန်းလို့ မျက်လုံး တွေ ပင် ထိုးအောင့် နေချေပြီ။ မိုးလင်း က မိုးချုပ် ဏီ ကို ကိုကို က ဒီအခန်း ထဲ မှာ ပိတ်လှောင်ထား သည်မှာ ရက် အတန် ကြာ ပြီ ဖြစ်သည်။

ကြီးမား သော ကုတင် ကျယ်ကြီး ပေါ် ဏီ ခြေ၊ လက်များ ကို ပိုးကြိုး များ ဖြင့် တုတ်နှောင် ခံ ထား ရပြီး ဟိုဟိုဒီဒီ မလူးသာ မလွန့်သာ ဘဲ ရှိနေခဲ့ လေရာ တစ်ကိုယ်လုံး လည်း ညောင်းညာ နေခဲ့ ပြီ ဖြစ်သည်။

မောင် တစ်ယောက် အခု ချိန်ဆို ဘယ်လို တွေ ဖြစ်နေမလဲ။
ဘာတွေ များ ခံစား နေရမလဲ။
ထို အတွေး များ ဖြင့် အေးစိမ့်နေသည့် အခန့် ထဲ တွင့် လဲ လှောင်း နေသည့် တိုင် ဏီ ရင် တွေ ပူပြင်း လောင်မြိုက် လျက် ရှိ နေလေသည်။

နာရီ လက်တံ လှုပ်ရှား သံ ပင် ကြား နေရသည့် အထိ တိတ်ဆိတ် လွန်းနေသော အခန်း ကျယ် ထဲ ဏီ အသက်ရှူသံ မှာ ပြင်းထန် လျက်ရှိသည်။

"ဂျောက်.."

တံခါး ဖွင့်သံ နဲ့ အတူ အခန်း ထဲ ဖွင့် ဝင်လာ သည့် ကိုကို ကိုယ့် ဏီ ရိပ်ခနဲ မြင်လိုက် ရသည် နှင့် မျက်လုံး များ ကို မှိတ်ထား လိုက်သည်။

အနား ကို တိုးကပ်လာ သည့် ခြေသံ များ ကို ဏီ အတိုင်း သား ကြား နေရသည်။ ကုတင် ဘေး မှာ ခဏ ရပ် ပြီး ငြိမ်သက် နေသည်မှာ 5မိနစ် လောက် ရှိမည်ထင်သည်။

ရုတ်တရက် ဏီ မျက်နှာ နား တိုးကပ်လာသည့် အသက်ရှူသံ သဲ့သဲ့ နဲ့ အတူ နဖူး ကို ဖြတ်ခနဲ နမ်းလိုက် သည် ကို သိသော်လည်း ဏီ အိပ်ချင်ယောင်သာ ဆက်ဆောင်နေလိုက်သည်။

ဘယ်လို လုပ်ရ မလဲ?
ဘယ်လို လုပ်ရင် ကိုကို့ လက်က လွတ်မြောက် နိုင်မလဲ?
နေတိုင်း တွေး သည်။
နေ့တိုင်း ကြံစည်နေမိသည်။

ဒီကို စရောက် သည့် ပထမဆုံး နေ့ ။
ထိုနေ့ က မောင် က ပန်း ဆိုင်ရှေ့ ကား ရပ် ပြီး ပန်းဝယ်နေသည် ကို ကြည်နူး စွာ ငေးကြည့် နေရာ မှ ကား lock ချ ဖို့ ကို မေ့ သွား ခဲ့သည်။

ရုတ်ချည်း တံခါး ဖွင့် ကာ လူစိမ်း ယောကျ်ား တစ်ယောက် ဝင်လာ ပြီး ဏီ နှာခေါင်း ပေါ် စူးရှ မူဝဲ သည့် အနံ့ အချို့ ပါသည့် လက်ကိုင်ပုဝါ နဲ့ အုပ် ခံလိုက်ရ ပြီး သတိရလာ သည် နှင့် ဒီ အခန်း ထဲ ကို ရောက် လာ ခဲ့ ခြင်း ဖြစ်လေသည်။

တစ်ခါတစ်ရံတော့အချစ်သည်ထိုသို့ဖြင့် Where stories live. Discover now