Part 11

1.3K 31 1
                                    

တစ်ခါတစ်ရံတော့ အချစ်သည် ထိုသို့ဖြင့်
အပိုင်း (11)

ဏီ တစ်ယောက် ပြာလဲ့လဲ့ အခန်းကျယ်ကြီး ထဲ တွင် အသက်မဲ့သူ တစ်ယောက်လို ရပ် လျက် အလှမွေး ကန်ထဲ ရှိ ဘောလုံး ငါး လေး ကို မမှိတ်မသုန် ငေးကြည့်နေမိသည်။

အခန်း တစ်ခုလုံး လှိုင်း တွေ ပြေး နေပြီး emotion အတက်အကျ ကို ထိန်း ရန် အင်မတန် ခက် သော ထို အခန်း မှာ ဏီ ဖန်တီး ယူ ထား သော အခန်း ပင် ဖြစ်သည်။

စိတ်ကို တစ်ခုခု ဒဏ်ရာ ပေး ထား ရ ခြင်း မှာ ဏီ ကိုယ့်ကိုကိုယ် ညှင်းဆဲ သည့် နည်း တစ်မျိုး ဖြစ်သည်။

ဒီ အခန်း ပုံစံ ကိုက ဝင်လိုက်သည်နှင့် အလွမ်းအငွေ့အသက် ကို တမင် ခံစား ရ အောင်ကို ဏီ က ဖန်တီး ထား လေသည်။

မိုးလင်း က နေဝင် မရှိတော့တဲ့ မောင့်ကို တမ်းတ လွမ်းဆွတ် ခြင်း သည် ဏီ အတွက် မသေမခြင်း အဆုံး မရှိသည့် နာကျင် မှု ပင်ဖြစ်လေသည်။

"ဒေါက်...ဒေါက်"

"မမလေး... သဲဆု ပါ"

တံခါး ခေါက်သံ နဲ့ မရှေး မနှောင်း မှာ အသံ ပါ ထွက်လာသည်။

"ဝင်ခဲ့"

အိမ်အကူ ကောင်မလေး သဲဆု မှာ တံခါး ကို ဖြေးညှင်းစွာ တွန်းဖွင့်ကာ ကိုယ်လေး ယို့ လျက် တံခါး ဝ တွက် သာ ရပ်ကာ စကား ပြောသည်။

"အောက်မှာ ဧည့်သည့် ရောက်နေပါတယ်"

"ဘယ်သူလဲ"

"ကို ဂျူလီယာမင်း ပါ"

ဏီ က သက်ပြင်း အသာ ချ ကာ အောက်ဆင်း လာလိုက်သည်။ဧည့်ခန်း မှာ ထိုင်နေသူ ကို နောက်ကျော က မြင်သည်နှင့် ဏီ မျက်ခုံး လေးတွေ စိတ်ရှုပ်ထွေး ကာ စုကြုံ သွား ရသည်။

မောင် နဲ့ မတွေ့ ခင်က ဏီ ကို ချစ်လှပါချည်ရဲ့ ဆို သော ယောကျ်ား ၊ သူ့ အချစ် ကို ဏီ ကလည်း သူငယ်ချင်း သံယောဇဥ် နှင့် လက်ခံ ခဲ့သည်။ ချစ်သူ သက်တမ်း 1လ ပြည့် ပြီး နောက်နေ့ မှာ ပင် ဖောက်ပြန် ခဲ့သူ ဖြစ်သည်။

ထိုသူ က အသံ ကြား သည်နှင့် အင်မတန် ပြုံးရွှင်သော မျက်နှာ ဖြင့် လှည့် ကြည့်လာပြီး တပြိုင်နက် နေရာ မှ မတ်တပ် ထ ရပ် ပြီး ဏီ ရှိရာ လမ်းလျှောက်လာသည်။

တစ်ခါတစ်ရံတော့အချစ်သည်ထိုသို့ဖြင့် Where stories live. Discover now