ဇာတ်ကောင်မိတ်ဆက်

1.8K 51 2
                                    

မိုင်းဈာန်..

အသက် ၂၇နှစ်အရွယ် တည်ငြိမ်ရင့်ကျက်တဲ့
လုပ်ငန်းရှင်တစ်ဦး။

အလုပ်လုပ်ရာမှာပြတ်သားမှုတွေက နုနယ်ချောမောလှပတဲ့ မျက်နှာနှင့်မလိုက်ဖက်စွာ ပြတ်သားလွန်းလှသည်။

ဒေါသထွက်ပီဆိုလျှင်လည်း ထုတ်ဖော်မပြဘဲ သွေးအေးစွာဖြင့် တစ်ဖက်လူကို အထိနာအောင်ပင် လုပ်နိုင်စွမ်းရှိသူတစ်ယောက်ပင်။

သို့ပေသည့်၊တစ်ယောက်သောသူဝင်ရောက်လာချိန်မှာ၊ စည်းစနစ်ကျကျလည်ပတ်နေသော သူ့ရဲ့ဘဝလေးကတော့ မျိုးစုံကြိုးခုန်ကာ ပြောင်းလဲသွားခဲ့လေတယ်။

===============================

နေနိုင်းခန့်

သူကတော့ အသက် ၁၉နှစ်၊ ရင်ခုန်တတ်စ မနူးမနပ်အရွယ်၊စိတ်ကူးထဲရှိတဲ့အတိုင်း ပေါ့ပေါ့ပါးပါးဖြတ်သန်းဖြစ်တဲ့ လူငယ်လေးတစ်ယောက်ပေါ့။

အစအနောက်အရမ်းသန်ကာ တစ်ဖက်လူကို ငိုသည်အထိပင် စနောက်တတ်သည်။

တစ်နေ့မှာတော့ သူငယ်ချင်းတတွေ စနောက်ရင်းကနေ ဖြစ်ပေါ်လာတဲ့ နှလုံးသားပြိုင်ပွဲတစ်ခုရှိလာခဲ့တယ်။

ဘယ်သူသိမှာလဲ အဲ့ဒီပြိုင်ပွဲကနေ သူ့နှလုံးသားတစ်ခုလုံး တစ်ဖက်လူကို အပိုင်ပေးလိုက်ရမယ်ဆိုတာကိုပေါ့။

*.*.*

နွေဦးမှာ လေရူးတိုက်တယ်လို့..ခင်ဗျားပြောခဲ့တယ်နော်..

ခင်ဗျားမှန်ပါတယ်..ကျွန်တော် အချစ်ရူး လုံးလုံးဖြစ်ခဲ့တယ်မိုင်း..

*.*.*

ငယ်သူမို့(Complete)Where stories live. Discover now