အပိုင်း(၁၂)

720 43 4
                                    

ဒီနေ့ မိုင်းဈာန်အလုပ်တွေစောပြီးတာကြောင့်
မောင့်ကိုသွားကြိုဖို့ထွက်ခဲ့လိုက်သည်။ လာကြိုဖို့ကို ကြိုမပြောထားသောကြောင့် အံ့ဩသွားမှာတော့အမှန်ပင်။

ကျွန်တော်တို့နှစ်ယောက်ရဲ့ အနာဂတ်အတွက် မောင်နဲ့‌မနေ့ညက စကားတွေအများကြီးပြောဖြစ်ကြတယ်။

မောင်ကပြောတယ်..သူကျောင်းပီးရင် ကျွန်တော်နဲ့လက်ထပ်မယ်တဲ့။ မောင်က..လက်ထပ်ဖို့အထိပါတွေးထားတာပေါ့လို့..မေးလိုက်တော့..

သူ့ကိုအပျော်ကြံပါတယ်ဆိုပြီး..စိတ်ဆိုးသွားတာနဲ့..ကျွန်တော့်မှာ အတော်ပင်ချော့လိုက်ရသေးသည်။

ကိုယ်ချစ်ရတဲ့သူက..တန်ဖိုးထားတာသိရတော့ ပျော်တာပေါ့ဗျာ။ မောင့်ရဲ့ အစီအစဉ်ထဲမှာလည်း ကလေးလေးတစ်ယောက်မွေးစားဖို့လည်းပါသေးတယ်။

ကျွန်တော်လည်းမောင့်အတွက် မိသားစုလေးဖန်တီးပေးချင်တာပေါ့။ ကိုယ်ကယောကျားလေးဖြစ်တာကြောင့် မောင့်သွေးသားကို မမွေးပေးနိုင်တော့ စိတ်မကောင်းဖြစ်ရတယ်။

ဒါပေမဲ့လည်း ကလေးလေးတစ်ယောက်မွေးစားပြီး ကျွန်တော်တို့ရဲ့ သားသမီးလေးအဖြစ် စောင့်ရှောက်သွားမယ်။ အတွေးနဲ့တင် ပျော်ရပါတယ်ဗျာ..

မောင့်ကျောင်းရှေ့ကိုရောက်ပြီး..ကားပါကင်ထိုးကာ..နာရီကိုကြည့်မိတော့..အတန်းဆင်းဖို့နီးနေပြီပဲ..

"အခန်းရှေ့သွားကြိုလိုက်ရမလား.."

အံ့ဩသွားအောင်စမယ်ဆိုတဲ့ အကြံနဲ့..အခန်းရှေ့ကိုသွားခဲ့သည်။

အဲ့အချိန်မောင်က ကျွန်တော့်ကိုမမြင်ဘဲ စာသင်ခန်းထဲကထွက်လာခဲ့သည်။ ဘေးနားမှာလည်း ကောင်မ‌လေးတစ်ယောက်။

မြင်ရတဲ့မြင်ကွင်းမှာ အလွန်ပင် မျက်စိဆံပင်မွှေးစူးလှပါသည်။ အဲ့ကောင်မလေးက မောင့်ပုခုံးကို ပုတ်ပုတ်ပြီးရီမောနေတာ..ဟိုကလည်းပြုံးပြုံးကြီး။

"တွေ့ကြသေးတာပေါ့"

မမြင်ဘဲ ကျော်တက်သွားသူကို အနောက်ကနေအမှီလိုက်ကာ..မှီရာလက်ကိုဆွဲလိုက်သည်။

"မောင့်!"

"ဟာ..မိုင်း..မောင့်ဆီလာတာလား"

"မောင့်ဆီမလာလို့..ဘယ်သူ့ဆီလာရမှာလဲ..ကိုယ့်ရည်းစားကဒီမှာ တစ်ယောက်ပဲရှိတာလေ"

ငယ်သူမို့(Complete)Where stories live. Discover now