အပိုင်း (၁)

1.3K 44 2
                                    

တီ..တီ..‌တီ..

"အာ..နားညီးလိုက်တာ..ဘာလို့ငါ့ဘေးနားလာအော်နေတာလဲ.."

တီ..တီ..တီ..

"ဟာ့..အိပ်ချင်ပါတယ်ဆိုမှ..ငါနဲ့..မထဘူးကွာ"

တီ..တီ..တီ..

အော်ချင်သလောက်သာ‌အော်၊ နေပေ့စေ ဓါတ်ခဲကုန်ရင် ရပ်သွားလိမ့်မယ်..ဟွန့်..
ငါကတော့ ဆက်အိပ်မှာပဲ။

ဘေးခန်းက ဦးလေးဖြစ်သူကတော့ ဆက်မအိပ်နိုင်တော့ပဲ တစ်ဖက်ခန်းကို ကူးကာ မနက်ခင်းအသံသာသာကို ကြားစေသည်။

"ဟဲ့..နေနိုင်းခန့်..မထနိုင်ရင်လည်း..နိုးစက်မပေးနဲ့လေ..တကယ်ဘဲ..ငါပါ အိပ်ရေးပျက်တယ်.."

ဦးလေးဖြစ်သူသာ အော်ပြောနေရင်း မောသွားမယ်၊ ဒင်းကတော့ ထမယ်ပုံမပေါ်ပေ။

ဖြောင်း..

"အာ့!.. နာတယ်ဗျ..ဘာလို့ရိုက်တာတုန်း"

"ရိုက်မှာပဲ..ငါအော်ပြောနေတုန်းက မင်းထလို့လား"

"အဲ့ဒါနဲ့..ရိုက်စရာလား..သူ့အသားမဟုတ်တိုင်း"

"နှုတ်သီးခေါင်းလျှာပါးနဲ့..ပြန်ပြောမနေနဲ့..ထတော့..ဒီနေ့ဖွားဖွားကို..သွားကြိုရမှာ"

"ကိုယ့်အမေ..ကိုယ့်ဘာသာကြိုပါ့လား..သူများအိပ်နေတာကို မနာလိုနေတာ"

"ဘာ!!..အခုထစမ်း.."

"မထဘူးဗျာ"

ကိုယ်ဘယ်လောက်နှိုးနှိုးထမယ့်ပုံလည်း မပေါ်ပါဘူး၊ လာကြိုတာနောက်ကျရင် အမေကလည်းပွားအုံးမယ်၊ တော်ပြီ ကိုယ့်ဘာသာပဲသွားကြိုတော့မယ်။

"အိပ်..အိပ်..ဒင်းတော့လား..အိမ်ထောင်မြန်မြန်ကျမှ..မဟုတ်ရင် ငါလည်းလုံးပါးပါးတော့မယ်"

ဂျိမ်း..

ဦးလေးဖြစ်သူထွက်သွားပီလားသေချာအောင် မျက်လုံးကိုတစ်ဖက်ဖွင့်ကြည့်ကာ၊ သေချာပီဆိုမှ အိပ်ယာပေါ်က ကုန်းရုန်းထကာ ဖွားဖွားစားဖို့ မနက်စာပြင်ရသည်။

အဲ့ဒါမှ ဖွားဖွားက အများကြီးချစ်ပြီး မုန့်ဖိုးတွေအများကြီးရမှာပေါ့၊ ငါလေး အရမ်းတော်နေတော့တာပဲ။

*.*.*...

"မြေးလေးရေ.."

"ဖွား...ရောက်ပြီလား..သားက လာကြိုမလို့ပဲ..အိပ်ပျော်သွားလို့..ဟီး"

ငယ်သူမို့(Complete)Where stories live. Discover now